Wednesday, August 8, 2012
ကမ္ဘာကိုကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
ဒဂုန်ရွှေမျှားရဲ့ ကမ္ဘာကိုကိုင်လှုပ်သူ စာအုပ်လေးပါ။
ဒီမှာ ဒေါင်းနိုင်ပါတယ်။
PDF Book တွင်လည်း ကြိုက်နှစ်သက်ရာစာအုပ်များကိုဒေါင်းနိုင်ပါသည်။
မန္တလေးမြေမြို့ရိုးကြီးအကြောင်း
မန္တလေးမြေမြို့ရိုးကြီးအကြောင်းအသေးစိတ်သိရှိသူ နည်းကြသည်။ အချို့က ပြင်မြို့ရိုးကြီးတည်လုပ်သည်မှာ သက္ကရာဇ် ၁၂၃၇ ခု၊ နှောင်းတန်ခူးလ (၁၈၇၆ ဧပြီ) အတွင်းမှူးတော်၊ မတ်တော် မြို့စား၊ ရွာစားတို့ကို စရိတ်ငွေတော်ပေး၍ ထု ဆယ်တာ ထပ်ပြင် ခြောက်တာ၊ အမြင့်သံတောင် ဆယ်တောင် တည်လုပ်သည်။ မြို့ရိုးကြီးတည်လုပ်သည်မှာ ရွှေတချောင်းအနောက်ဘက် အိမ်ခြေ လူနေဖြစ်ထွန်းလျက် စံနေတော်မူသည့် နန်းမြို့တော်နှင့် ရေကြောင်းမြစ်ကမ်း ခရီးဝေးကွာစေလို၍ တည်တော်မူသည်ဟု ဆိုကြသည်။
အမှန်စင်စစ်မှာ ၁၂၃၇ ခုနှစ် ပြင်မြို့ရိုး ထပ်မံချဲ့ပြီး တံခါးတော် ၅၇ ရပ် ပြုခြင်းဖြစ်သည်။ မန္တလေးပြင်မြို့ရိုးကို လူနေအိမ်ခြေများ၍ ရှေးကပင် သုံးကြိမ်ချဲ့ရကြောင်း ယင်းခဲမောင်မောင် မန္တလေးတောင်သမိုင်း တွင် ဆိုခဲ့လေသည်။ ရှေးမှတ်တမ်းများအရ သက္ကရာဇ် ၁၂၂၀ ခု တပေါင်းလပြည့်ကျော် ၇ ရက် ညီလာခံပွဲတွင် သံတော်ဆင့် ဦးတူအမိန့်တော်၊ ပညာရှိ ကနီမြို့ဝန်ဦးစီး၊ ပညာရှိအဝေးကျီဝန်၊ ဆီမီးခွဲရွာစား မဟာနန္ဓသင်္ကြံ၊ မဟာသီရီသင်္ခယာ၊ နာရီတော်မှူးဆင်တဲရွာစား မင်းလှသီရိစည်သူ၊ ကြောစည်ရွာစားနေမျိုးဓမ္မရာဇသင်္ကြံ၊ ပုဏ္ဏားပညာရှိဦးစုန်းမြို့စားမဟာသီရိပဏ္ဍိတ ဓမ္မရာဇဂုရုတို့တင်လျှောက်သော ရတနာပုံမြို့ပြင်မြို့တည်ပြင် မြို့ရိုးကြီးတည်သည့် စာတွင် -
“မန္တလေးရွှေမြို့တော်ကြီးအ၀န်း မြို့ ရပ်များကို မြို့ တော် အ၀န်း ၂၇၇၀ နှင့် အစွန်း ၃တောင် ကိုတွက်လျှင် မိုက်
ပေါင်း ငါးသောင်းရှစ်ထောင်တစ်ရာခုနှစ်ဆယ့်ကိုးမိုက် ရသည်။ မြို့ တော်အုတ်မြစ် ၂ တောင်၃မိုက် ၊ မြေပေါ် ၁၅တောင်၂မိုက် ၇သစ် ၊၂ စု ၁၈တောင် ၂သစ် ၊ မန္တလေးတောင်ကို အတွင်းသွင်းပြီးလျှင် ပြင်မြို့ တော်ကြီးကိုလည်း တံခါးပြတန်ဆောင်း ၊ မော်ယွန်းလိုဏ် လေးမျက်နာ တာဝန်းကိုးထောင်ခြောက်ရာတစ်ဆယ့်တစ်တာ တစ်တောင်လေးမိုက်ကို မိုက်ဖွဲ့လျှင် မိုက်ပေါင်း နှစ်သိန်းတစ်ထောင်တစ်ရာ သုံးဆယ့်လေးမိုက်လေးသစ်ရသည်” ဟုလည်းကောင်း-
“သက္ကရာဖ် ၁၂၂၀ ခု နှောင်းတန်ခူးလဆန်း ၉ ရက်ပြင်မြို့ရိုးကြီးမှာ တင်လွှာအတိုင်းမကျ၊ အကြိမ်ကြိမ်လေးမျက်နာချဲ့၍ တည်တော်မူသည်။” ဟူ၍လည်းကောင်း တွေ့ရသည်။
ထို့ကြောင့်ပင် သက္ကရာဇ် ၁၂၃၃ ခု ကဆုန်လပြည့်ကျော် ၁၁ ရက် (၁၈၇၄ မေ ၃ ရက်) နေ့ထုတ် ရန်ကုန်မြို့မြန်မာဂေဇက် သတင်းစာတွင် ကုန်သည်အမည်နှင့် သတင်းစာဆရာသို့ ပေးရန်စာတွင် “အင်းဝမြို့ငယ်ဆိပ်ကမ်းမှအပြန် အမရပူရ မြို့ဟောင်းမြောက်ဘက် တက်သေးအင်းအနားတွင် အရှေ့က အနောက်သို့ မြေကြီးတူး၍ မြေစာကိုတန်း၍ ပုံလျက်ထားသည့် မြေမြို့ရိုးလုပ်ရန်ကို ကျော်မိ၍ ဖမ်းဆီးတစ်ညနှင့် တစ်ရက် ထိပ်ခတ်ချုပ်ထား၍ အစိုးရအောက်လူများက ဆင်းရဲသားများအပေါ် နှိပ်စက်ကြောင်း ရေးထားသည်။ မြေမြို့ရိုးမြေပုံသည် များစွာမမြင့်ကြောင်း ၊ မြောင်းလည်း များစွာမနက်ကြောင်း မြေပုံတန်းအနီးလမ်းတွင် “ မကျော်မနင်းရ” ဟု အတားအဆီးလည်းမရှိ၊ စာပေရေး၍ ပြထားခြင်းလည်း မရှိ ကြောင်း၊ မန္တလေးတွင် သတိပေးရန် သတင်းစာလည်း မရှိကြောင်း၊ အောက်မြို့ကျေးရွာမှ လူများသို့ မြေမြို့ရိုး လုပ်စရာထားသည်ကို မကျော်ကြလေနှင့်ဟုသတိပေးခြင်းဖြစ်သည်။
ရှေးမြန်မာမင်းလက်ထက် ရာဇ၀တ်ကြီး ၆ ရပ်တွင် မြေမြို့ရိုးကို ကျော်နင်းသည်မှန်ပါက ရာဇ၀တ်ပြစ်မှုဖြစ်သည်။ သက္ကရာဇ် ၁၂၄၀ ခု၊ တော်သလင်းလဆန်း ၇ ရက်နေ့ (၁၈၇၉ ခုစက်တင်ဘာလ ၂ ရက်) အင်္ဂလိပ်အရေးပိုင်က မြန်မာမင်းထံ ပေးစာတစ်စောင်၌ ရွှေမြို့တော်အနောက်မျက်နာ မြေမြို့တော်ကြီး စံရှည်တံခါးအနီးလမ်းကို ကျော်နင်းသည် ဆို၍ ကင်းတော်သားတို့က ဧရာဝတီကုမ္ပဏီမီးသဘောင်္ကပ္ပတိန် မစ္စတာ ဒွဝိုင်းကို ဖမ်းဆီးထိပ်ခတ်သည့်အမှုဖြစ်ခဲ့သည်။ စံရှည်တံခါးမှူး ငပေါကြွယ်နှင့် ရှေ့ဝင်းအကြပ်ငတုတ်တို့က အမည်မသိကုလား ၁ နှင့် ၀န်ထမ်းသူ ၁ တံခါးတော်လာ၍ /သွားလာရာက မသွား၊ တားသည်ကိုမရ မြို့ရိုးပေါ်တက်သွား၍ ခေါ်ယူချုပ်ထားခြင်းကို အင်္ဂလိပ်တို့က မကျေနပ်၍ ဖမ်းဆီးသူများအား အရေးယူစေသည်။၁၂၄၀ ခု တန်ဆောင်မုန်းလဆန်း ၉ ရက်မြန်မာမင်း မှတ်တော်မူချက်တွင် တံခါးဗိုလ်နှင့်တန်းခေါင်းတို့ကို အရာမှနှုတ်၍ တန်းမှာထားစေဟု အမိန့်ချသည်။ ယင်းလဆန်း ၁၃ ရက်နေ့တွင် မြိှု့ဝန်တို့လျှောက်တင်စာ၌ စံရှည်တံခါးဗိုလ်နှင့် တန်းခေါင်းတို့အား မှတ်ချက် အရ စီရင်ပြီးကြောင်း တွေ့ရသည်။ ၁၂၄၀ ခုနှစ် တစ်ဝိုက်မှာပင် ယင်းသို့အင်္ဂလိပ်အရေးပိုင်၏ စွက်ဖက်မှုများ မကြာခဏ တွေ့ရသည်။
မန္တလေးမြို့နှင့်စပ်လျဉ်း၍ မန္တလေးမြို့သည် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ၀၅မိနစ်နှင့် မြောက်လတ္တီတွဒ် ၂၀ ဒိဂရီ ၅၉ မိနစ်တို့ ဆုံရာဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် ရှိ၍ သက္ကရာဇ် ၁၂၁၈ခု (သာသနာသက္ကရာဇ် ၁၄၀၀) တွင် မင်းတုန်းမင်းစတည်သည်။ ၁၂၂၁ ခု ကဆုန်လပြည့်ကျော် ၆ ရက်နေ့ (၂၃-၅-၁၈၉၅) တွင် “ ရတနာပုံရွှေမြို့တော်ကြီး” ဟု မော်ကွန်းတင်သည်။ ရွှေကြိုးသတ်နယ်မြေမှာ တောင်ဘက်ဒုဌာဝတီမြစ်ငယ်၊ မြောက်ဘက် မတ္တရာမြစ်၊ အရှေ့ဘက်နတ်ထိပ်တောင်ရိုးတန်း၊ အနောက်ဘက် ဧရာဝတီမြစ်ဟု နယ်သတ်မှတ်သည်။ ရွှေကြိုးသတ်နယ်မှာ တောင်မြောက်အလျား မိုင် ၃၀ ခန့် ၊ အရှေ့အနောက် အနံ ၈ မိုင်ခန့် ရှိသည်။ ရွှေမြို့တော်နယ်မှာ မန္တလေးတောင်ခြေရင်းမှ တောင်ဘက် မဟာမုနိဘုရား ၊အရှေ့ ဘက် အောင်ပင်လယ်ကန်ဘောင် ၊ မြောက်ဘက် မြေ မြို့ ရိုး ၊ အနောက်ဘက် ဧရာဝတီအထိ ဖြစ်ပြီး တောင်မြောက် အလျား၆မိုင်ခွဲ၊အရှေ့နောက်၎မိုင်ကျော်ဧရိယာ၂၅စတုရန်းမိုင်ရှိသည်။
အုတ်မြို့ရိုးတော်ကြီးကိုကျုံးလေးဘက်ပတ်ရံ၍ တစ်မျက်နှာ တာ ၆၀၀၊ လေးမျက်နှာ တာ ၂၄၀၀ စတုရန်းကျဆောက်သည်။ ကျုံး၂၂၅ပေ အနံကျယ်၍ ၁၁ပေနက်သည်။မြိုရိုးအမြင့် မြေပြင်မှသူရဲအထိ ၂၇ပေရှိသည်။ မြို့ တွင်းစတုရန်းကွက် ၁၄၄ကွက်ရှိပြီး အလယ်၁၆ကွက်ကို နန်းမြို့တော်သတ်မှတ်သည်။ နန်းမြို့ တော်ကိုသစ်တပ်ကာရံ၍ ၀င်းတော်သစ်တပ်ကို ကျွန်းလုံးအောင်မြေမြို့တော် ဟု သမုတ်သည်။ သစ်တပ်ဝင်းတော်အတွင်း ပေ ၆၀၀အကွာ ၁၅ပေအမြင့် အုတ်မြို့ရိုးတော်တစ်ထပ်ရှိသေးသည်။
မန္တလေးမြို့လေးပြင်လေးရပ်အ၀ှန်းတွင် ၁၂၂၄ ခု တပေါင်းလပြည့်ကျော် ၄ ရက် (၁၈၆၃ မတ်လ ၇ )နေ့ တွင် လမ်း အိမ်ဝင်းများအကွက်ချပေးပြီး အရပ် ၅၄ရပ်ဖွဲ့ကာ အမည်ပေးသည်။ အမရပူရမြို့ဟောင်းမှအမှုထမ်းများနှင့် ပြည်သူပြည်သားအများ ပြောင်းရွှေလာကြသည်။ အမရပူရမြို့ရိုးမှာ မြောက်သို့ သေနက်ဝန်ကြီး တူးမြောင်းအထိဖြစ်သည်။ မဟာမုနိတမ္ပ၀တီတို့မှာ မူလ အမရပူရနယ်မြေအတွင်းမှပြန်၍ မန္တလေးမြို့အတွင်းသို့ထည့်ထားခြင်းဖြစ်သည်။ ရှေးက အမရပူရမြေပုံ မန္တလေးမြေပုံ ပုရပိုက်များပြန်၍ တွေ့ ရှိရာရပ်ကွက်အမည်များကိုအတော်အတန်ဖော်နိုင်သည်။ လူမှုရေးသမိုင်းအတွက် အထောက်အကူရရှိပေသည်။
မန္တလေးမြိုနှင့်ပတ်သက်၍ မန္တလေးရွှေမြို့တော်တံခါး ၁၂ ရပ် တေးထပ်နှင့်တံခါး ၁၂ ရပ်မြို့တည်လင်္ကာကို အလယ်နန်းမတော်ဘုရား စာရေးတော်ကြီး ရှိမ်းမကားရွာစား ရေးခဲ့၍ ရွှေမြို့တော်လေးပြင်ရပ်ကွက် ၅၄ ငှာနလင်္ကာကို ၀က်မစွတ်မြို့စားဝန်ထောက်မင်းက စပ်ဆိုလေသည်။ ဥယျာဉ်တော် ၂၁ ရပ်အကြောင်း ဘွဲ့ပတ်ပျိုးကို မင်းကြီးမဟာသီရိဇေယျသူဘွဲ့ခံ ညောင်လှမြို့စား နိုင်ငံခြားဝန်ထောက် ဦးချိန့်သည် အမှာတော်ရေး ရာထူးနှင့်ထမ်းရွက်စဉ်ကဖွဲ့ဆိုခဲ့သည်။ ဤသို့ဖြင့် မြို့နှင့်ဆိုင်ရာအမည်များ လွယ်ကူစွာ မှတ်သားကြရ သည်။
မဟာဒေ၀ရာဇ် ။နတ်ဖြစ်ရိပ်ငြိမ် တာဝတိန်နှင့်၊ နှိုင်းချိန်ပမာ အစချီသော ရတနာပုံနေပြည်တော် မန္တလေးမြေမြိုရိုးကြီး တံခါး ၅၇ရပ်လင်္ကာကို ပိုက်ကျုံးတံခါးဗိုလ်မောင်ဆိုင်က စပ်ဆိုခဲ့သည်။
ပိုက်ကျုံးတံခါးဗိုလ်ဧ။်လင်္ကာပါသောတံခါး ၅၇ ရပ်သည်ကား…
အရှေ့မျက်နှာမြောက်စွန်မှတောင်သို့ ၁လွန်းကြင်၊ ၄-လွတ်ကင်း(လွှတ်ကင်း)၊ ၅-လှိုင်ကြူ(လွှတ်ကူး)၊ ၆-ဥိးတိုက်၊ ၇-ဥဒါန်း၊ ၈-ဥိးနှိပ်၊ ၉-အောင်နန်း၊ ၁၀-အောင်ထွန်း၊ ၁၁-အောင်ထင်၊ ၁၂-ဥဒည်(ဦးတည်)၊ ၁၃-အောင်ငြိမ်း၊ ၁၄-သာစည်၊ ၁၅-သိမ်းစံ(သိမ်းဈာန်)၊ ၁၆-သညာ၊ ၁၇-သာစုံ၊ ၁၈-သူစံ။
တောင်မျက်နှာ အရှေ့စွန်မှအနောက်သို့ ၁-ကြိုင်လှိုင်၊ ၂-ခွန်ယူ၊ ၃-ကောင်းလှိုင်၊ ၄-ကျော်မိုး၊ ၅-ကောင်းမြိုက်၊ ၆-ကဲမြင့်၊ ၇-ကဲမိုး၊ ၈-ရန်နှိမ်၊ ၉-ရနှ်ိပ်၊ ၁၀-ရန်နိုင်၊ ၁၁-ရန်နှင့်။
အနောက်မျက်နှာ တောင်စွန်မှမြောက်သို့ ၁-ထိန်းရ၊ ၂-ထုံးရှည်၊ ၃-မြန်အောင်၊ ၄-မြရိပ်၊ ၅-တောင်ရှည်၊ ၆-စံရာ၊ ၇-ပန်ဆက်၊ ၈-တာရိန်၊ ၉-ဂေါဝိန်၊ ၁၀-စံရှည်(စည်ရှည်)၊ ၁၁-ရေစုံ၊ ၁၂-ပိုက်ကျုံး၊ ၁၃-ရှေ့ကြည့်(ရေကြည်)၊ ၁၄-စက်ရိပ်၊ ၁၅-စံရှား၊ ၁၆-ရဲထင် ရဲတင်၊ ၁၇-ရန်ပြို၊ ၁၉-ရဲထပ်(စွန်ရဲ)။
မြောက်မျတ်နှာ အနောက်ရပ်မှရှေ့သို့ ၁-ရဲထွတ်၊ ၂-လှိုင်ကြူ၊ ၃-လှိုင်သင်း၊ ၄-သီဝံ၊ ၅-လေသာ၊ ၆-လေသောက်၊ ၇-လှိုင်သာ၊ ၈-မာန်အောင်၊ ၉-မြောင်းဥိး၊ ၁၀-မျှိုဦး(မြို့ဥိး) တို့ဖြစ်ကြသည်။
( - )နှင့် ယှဉ်ပြသော အမည်များသည် ယင်းခဲမောင်မောင် ပြုစုသော မန္တလေးတောင်သမိုင်း (၁၂၇၅-ခု တပေါင်းလကွယ်နေ့) အရ မူကွဲ ဖြစ်သည်။ သို့သော် ဦးဆိုင်ဧ။်လင်္ကာက မူမှန်ဖြစ်ပေမည်။ ယင်းခဲမောင်မောင်ဧ။် အခေါ်များမှာ အချို့ ပြောစကားသံများဖြင့် ပြောင်းထားသည်။
ရွှေပြည်ဆရာကြီးဦးဘတင်ထံမှရသော ပြင်မြို့ရိုးမြေပုံတွင်လည်း လှိုင်ကြူကို လှိုင်ကူး၊ သီစံကို သိန်းစံ၊ အောင်ငြိမ်းကို သောင်းငြိမ်းဟူ၍ မူကွဲလျက်ရှိသည်။ ယင်းတံခါးအမည်အခေါ်အဝေါ်များ ယခုအခါအချို့ ကျန်ရှိ၍၊ အမည်များများဝေါဟာရ ပျောက်ကွယ်လျက်ရှိသည်။ တံခါးအမည်များသည် မြန်မာဆန်၍ မင်္ဂလာရှိသည်။အချို့  ပါဋ္ဌိသက်ဝေါဟာရတွေ့ ရသည်။ ရှေးက ၅၇ ရပ်တံခါးများတွင် တံခါးမှူး၊ တံခါးစောင့်များထားရသည်။ ထိုသို့ကျန်ရှိသော အမည်များမှာလည်း နီးရာဒေသ၊ ရပ်ကွက်မှ အမည်နာမများ ဆင့်ပွားယူထား၍သာ အမည်ကျန်လေသည်။ ဧရာဝတီမြစ်ကမ်းတလျှောက် မြေမြို့ရိုးကို `တာရိုး`ဟုခေါ်ကြသည်။ ဗြက်အကျယ် ၇ တောင် တစ်တာရှိ၍ တာရိုးဟု ခေါ်ခြင်းဖြစ်သည်။
ပုံစံအားဖြင့် ပန်းဆက်၊ တာရိန်၊ ဂေါဝိန်၊ ပိုက်ကျုံး၊ စက်ထိပ်၊ ရဲတပ်၊ ရဲထွက် စသည်တို့သည် အရပ်အမည်များဖြစ်ပြီး အချို့မှာ ဧရာဝတီဆိပ်ကမ်းအမည်အဖြစ်တွဲလျက် ကူးပြောင်းနေသည်။
ဂေါဝိန်၏ ဗြုပ္ပတ်စကား အနက်မှာ ပါဋ္ဌိ-ဂေါဝိန္ဒ၊ နွားတို့ ၏ အသျှင် ဗိဿနိုးနတ် ဟူ၍ အဓိပ္ပါယ်ရသည်။ တက္ကသိုလ် မြန်မာအဘိဓာန်အရမှာ မွေးဖွားသောဂြိုလ်ကောဝိန်ဟုလည်း ရေးကြသည်။ ကိုးခန်းပျို့ (၆) တွင် ဂေါစာဂေါဝိန်၊ ဂြိုလ်သွားချိန်လျက် ဆတ္တိန်ကြင်း၊ န၀င်းကိုးဆစ်၊ တစ်ရာ့ရှစ်တွင် ဟူ၍ သျှင်မဟာရဋ္ဌသာရက ဖွဲ့ ဆိုသည်။ ဂေါဇာဂြိုလ်ရောက်ဆဲ တည်ဆဲဖြစ်သောဂြိုလ် (ဂေါစရယ) မန္တလေးမြေမြို့ ရိုး`ဂေါဝိန်` စကားသည် ယင်းဂြိုလ်အနက် ဖြစ်ဟန်မရှိချေ။ တစ်နည်းမှာ ကျွန်းကြီးလေးကျွန်းရှိရာ၌ (၁) ဇမ္ဗူဒီပါတောင်ကျွန်း၊ (၂) ပြုဗ္ဗ၀ိဒေဟ အရှေ့ကျွန်း၊ (၃) အပရဂေါယာန အနောက်ကျွန်း၊ (၄)ဥတ္တရကုရုမြောက်ကျွန်း၊ ဟူ၍ဖြစ်ရာ အနောက်ကျွန်းသည်ဂေါယာန၊ နွားယာဉ်ကိုအသုံးပြုသူတို့နေရော အနောက်ကျွန်းဟုလည်း အဆိုရှိကြသည်။ ဂေါယာ-ဂေါယာန် နေဗိမာန်လည်း၊ တစ်ဖန်ယိမ်းယွန်း၊ ဂေါယာန်စွန်းက` “ဥတိန်ပျို့ နှင့် နောက်ခွင်ဂေါယာန်ကျွန်းသူဌာန်မှ၊ စေစရာလျှင်၊ အစတွင်၍” ကဗျာဗန္ဓသာရကျမ်းတို့တွင် အနောက်ကျွန်းကိုပြသည်။
အရှေ့ ရပ် မြေမြို့ရိုးတံခါး အမည်တွင် ဥဒါည် (ဥတည်-ဥိးတည်) ဟူ၍လည်းရှိရာ အနောက်ရပ်`၌ “ဂေါဝိန်” တံခါးအမည်သည်လည်း ဂေါဝိန္ဓ ဂေါယာန(အနောက်ကျွန်း) ဂေါယာန-ဣန္ဒဂေါယိန် ဂေါဝိန်၊ အနောက်အရပ်ကို အစိုးရသောတံခါးဟူ၍ ဆင့်ပွားအနက်ဖြင့် ခေါ်ဆိုဟန်ရှိလေသည်။
ဂေါဝိန်တံခါး-ဂေါဝိန်ဆိပ်တွင် နွားတို့၏အရှင် ဗိဿနိုးနတ်ကိုရည်စူး၍ အမည်ပေးခြင်းလည်း ဖြစ်ပေမည်။ ဗိဿနိုး နတ်မင်းကြီးကို ကိုးကွယ်မှုသည် မြန်မာပြည်တွင် အလွန်ရှေးကျခဲ့ပေသည်။ ထို့တူစွာပင် သူရဿတီနှင့် သိဝိနတ်မင်းကြီး ကိုးကွယ်မှုကိုတွေ့ နိုင်သေးသည်။ ဤဂေါဝိန်ဒေသအနီးမှာပင် ဧရာဝတီသင်္ဘောကျင်းတစ်ဝိုက်မှ ဟိန္ဒူတို့ကိုးကွယ်သော ယောနိနှင့် ပုရိသလိင် ကျောက်ပုံများကိုတွေ့ ရဖူးသည်။ ရှေးက ဟိန္ဒူလူမျိုးများ နေထိုင်သွားသော မြစ်ကမ်းခြေလည်းဖြစ်သည်။
ရှေးက ဂေါဝိန်တံခါး အ၀င်၌ကြီးကျယ်စွာဆောက်လုပ်ထားရှိသည့် ဂွမ်းကြိတ် စက်ရုံတော်ကြီးတွင် ငွေတော်ထုတ်ပေး ၀ယ်ယူရောက်ရှိသည် ၀ါတော်များနှင့် အရာတော် ယာမြေများမှ ထွက်သည့် ၀ါတော်များကို စက်ယန္တရားဖြင့် ဂွမ်းဖြစ်အောင်ကြိတ်လုပ်ရသည်။ ၎င်းရုံတော်ကြီးကို စောင့်နေရသည့် အမှုထမ်း ၅ တို့မှာတစ်လလျှင် စပါးတော် ၅၅ တင်း သနားတော်မြတ်ခံရသည်။ ဤဂွမ်းရုံတော်ကို အစွဲပြု၍ ဈေးကိုလည်း ဂွမ်းရုံဈေးဟု တွင်ခြင်းဖြစ်သည်။ (ရွှေနန်းတော်သုံး ဝေါဟာရ )၊ ၁၈၈၅ ခု နိုဝင်ဘာလ ၂၈၊ အင်္ဂလိပ်စစ်သင်္ဘောများ ဂေါဝန်ဆိပ်ကမ်းသို့ ၁၁ နာရီ ရောက်သည်။ ၁၂၄၇ခု တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် နေ့တွင် သီပေါဘုရင်နှင့်မိဖုရားခေါင်တို့သည် ဂေါဝိန်ဆိပ်ကမ်းသို့ နွားကသော လှည်းရထားဖြင့် ဆင်းပြီး သူရိယ မီးသင်္ဘောဖြင့် နယ်ချဲ့ လက်သို့ ပါရသည်။
တာရိန်တံခါးသည် ပါဋ္ဌိသက်စကားဖြစ်၍ အဓိပ္ပါယ်မှာ လ ဖြစ်၏ ။ (တာရ-ဣန္ဒ-တာရာ-နက္ခတ်-ဣန္ဒ-အစိုးရခြင်း) “နတ်သက်တာရိန်၊ ရှုမျှော်ချိန် မာဃိန်သင်းဘောမင်း” ဟု က၀ိလက္ခဏာသတ်ပုံ၌ စပ်ဆိုသည်။ ယခုအခါ တာရန်အရပ်မှ မန္တလေးမြို့တွင် နာမည်ရသော လမုန့်ကိုပင် တာရိန်လမုန့်ဟု ခေါ်ကြသည်။ အရပ်အမည်နှင့် မုန့်အမည် ပနံသင့်လျက်ရှိသည်။
ပန်းဆက်တံခါးသည် စစ်ကိုင်းအရပ်မှ လှေဖြင့် ရောက်လာသော ပန်းများဆက်ရန် သွင်းဆောင်သော တံခါးဖြစ်သည်။ ရှေးက နန်းတွင်းပန်းခုံတော် အုတ်တိုက်သို့ ပို့ ရသည်။ (ပန်းဆက်တံခါးအတွက် ဧရာဝတီမြစ် အရှေ့ ဘက် ကမ်းနဖူးတွင် သင်္ဘောများ တည်လုပ်ရန်၊ ပျက်လျှင်ပြင်ရန်ဌာနဖြစ်သော ဘွိုင်လာအိုး အကြီးအကျယ်နှင့် စက်ရုံတော်ကြီးတွင် လုပ်ကိုင်ထမ်းရွက်ရသည့် စက်ရုံအမှုထမ်း ၁၂၇ တို့မှာ တစ်လလျှင် စပါး ၂၈၅၅ တင်း သနားတော်မြတ်ခံရသည်။ အင်္ဂလိပ်မင်းလက်ထက်ဂွမ်းစက်ရုံတော်ကြီးကို ဧရာဝတီသင်္ဘောကုမ္ပဏီက ၀ယ်ယူ၍ ဆက်လက်အသုံးပြုခဲ့သည်။ (ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်)။
ပိုက်ကျုံး-ပိုက်ကျုံးတံခါးဗိုလ်မှာ မောင်ဆိုင်ဖြစ်၍ မြေမြို့ရိုးတံခါး ၅၇ ရပ်လင်္ကာစပ်ဆိုသည်။ “ပိုက်ကျုံးတံခါးအတွက် လက်ဝဲဘက်က ယခုသစ်တောရုံးနေရာတွင် သကြားစက်ရုံတော်ကြီး တည်ရိုသည်။ ၎င်းစက်ရုံတော်မှာ သကြားအများ ချက်လုပ်ရသည်။ ၎င်း စက်ရုံတော်စောင့် အမှုထမ်း ၅ တို့မှာ တစ်လလျှင် စပါး ၅၅ တင်း သနားတော်မြတ်ခံရသည်။ (ရွှေနန်းသုံး ဝေါဟာရအဘိဓာန်)။
မန္တလေးမြေမြို့ရိုးကြီးတစ်ဝိုက် ဂေါဝိန် စသော အနောက်တောင်ဒေသသည် ရှေးအထက်ကပင် စက်ရုံ၊ အလုပ်ရုံ ဆိပ်ကမ်းအလုပ်သမားများနေထိုင်ရာဒေသ ဖြစ်ပေသည်။ မန္တလေးနေသူများသည် မိမိမြို၏ ပြင်မြိုရိုးကြီးရှိသည်ပင် မသိကြပေ။ ရှေးဟောင်းမြို့ရိုးကြီိးု ပို၍မပျက်စီးစေရန် ထိန်းသိမ်းထားသင့်ပေသည်။
ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)
သင့်ရင်သွေးကိုဘယ်လောက်ထိချစ်လဲ
မိဘများသည် ရင်သွေးငယ်များကို မိမိတို့ရင်တွင်းမှ “ချစ်” နေရုံနှင့်မပြီးပါ။ မိမိတို့ချစ်ကြောင်း ရင်သွေးငယ်သိရှိစေရန် ဖော်ထုတ် ပြသရန်လည်း အရေးကြီးပါသည်။ ရင်သွေးငယ်များနှင့် လက်ပွန်းတတီးနေခြင်း၊ ရင်သွေးငယ် များနှင့် စကားပြောခြင်း၊ ရင်သွေး ငယ်များပြောကြသည်ကို နားဆင်ခြင်း အစရှိသည်တို့သည် ရင်သွေးငယ်များကို ချစ်ကြောင်း ပြသခြင်းဖြစ်ပါသည်။ ဤသို့ချစ်ကြောင်း ပြသခြင်းမှတစ်ဆင့် ရင်သွေးငယ်ပန်းဖူးငယ်လေးများအကြောင်းကို မိဘတို့ “သိ” ရန်ကြိုးစားကြရမည်ဖြစ်ပါသည်။ မိမိတို့ ရင်သွေးအကြောင်း မိမိသေချာစွာ “သိ” မှသာ သူတို့လေးများအကြောင်းကို နားလည် လာမည်ဖြစ်ပြီး ပဲ့ပြင်လမ်းညွှန်ဆုံးမသွန်သင်မှု ပြုနိုင်လာမည်ဖြစ်ပါသည်။မိမိတို့၏ အချစ်ဖူးငုံလေးများအကြောင်း အဘယ်မျှ သိရှိသည်ကို အောက်ပါမေးခွန်းများဖြင့် ဆန်းစစ် အမှတ်ပေးကြည့်ပါ။
မေးခွန်းများ
၁။ သင့်ရင်သွေး၏ အချစ်ဆုံးသူငယ်ချင်းကို သင်သိပါသလား။
၂။ သင့်ရင်သွေး၏ အနှစ်သက်ဆုံးအရောင်ကိုရော သတိပြုမိပါသလား။
၃။ သင့်ရင်သွေး သဘောအကျဆုံး၊ အားအကျဆုံး “သူရဲကောင်း” သည်မည်သူဖြစ်ပါသလဲ။
၎။ သင့်ရင်သွေးကို စိတ်အနှောက်အယှက်အပေးဆုံးအရာကို သင်သိပါရဲ့လား။
၅။ သင့်ရင်သွေးငယ်အကြောက်ဆုံးအရာကိုရော သိပါသလား။
၆။ အားကစားရုံသို့ရောက်လျှင် သင့်ရင်သွေးသည် မည်သည့်အားကစားနည်းကို ကစားတတ်ပါသလဲ။
၇။ သင့်ရင်သွေးကို မိသားစုပြင်ပမှ မည်သူသည် လွှမ်းမိုးမှုအရှိဆုံးဖြစ်ပါသလဲ။
၈။ သင့်ရင်သွေး အနှစ်သက်ဆုံးတေးဂီတကို သင်သတိပြုမိပါရဲ့လား။
၉။ သင့်ရင်သွေး အနှစ်သက်ဆုံး (သို့မဟုတ်) အမုန်းဆုံးဘာသာရပ်ကို သိပါသလား။
၁၀။ သင့်ရင်သွေးသည် မည်သည့်အောင်မြင်မှုကို ဂုဏ်အယူဆုံးဖြစ်ပါသလဲ။
၁၁။ မိသားစုနှင့်ပတ်သက်၍ မည်သည့်အရာကို သင့်ရင်သွေး မကျေနပ်ဆုံးဖြစ်ပါသလဲ။
၁၂။ ရင်သွေးငယ် အနှစ်သက်ဆုံး ရုပ်မြင်သံကြား အစီအစဉ်ကို သင်သတိပြုမိပါရဲ့လား။
၁၃။ သင့်ရင်သွေး အနှစ်သက်ဆုံးအားကစားနည်းကို သိပါရဲ့လား။
၁၄။ သင်သည် သင့်ရင်သွေးအတွက် ကမ္ဘာပေါ်ရှိ မည်သည့်အရာကို မဆို ၀ယ်ပေးနိုင်သည်ဆိုပါက ရင်သွေးငယ်သည် မည်သည်ကို ပထမဆုံးရွှေးချယ်မည်ကို သင်သိပါသလား။
၁၅။ ရင်သွေးငယ်သဘောအကျဆုံးဆရာ (သို့မဟုတ်) ဆရာမကို သိပါသလား။
၁၆။ ရင်သွေးငယ်အား ဒေါသထွက်စေတတ်သောအရာကို သင်သတိထားမိပါသလား။
၁၇။ သင့်ရင်သွေးသည် ကျောင်းတွင် ၎င်းကို အခြားကလေးများက နှစ်သက်သည်ဟု ခံစားရသည် ထင်ပါသလား။
၁၈။ အရွယ်ရောက်လာလျှင် သင့်ကလေးငယ်သည် မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ချင်ပါသလဲ။
၁၉။ ယခုနှစ်အတွင်း သင့်ရင်သွေးငယ်၏ အကြီးမားဆုံး စိတ်ပျက်မှုကို သင်သတိပြုမိပါရဲ့လား။
၂၀။ သင့်ရင်သွေးသည် သူ့ကိုယ်သူ ထွားလွန်းသည် (သို့) ညှက်လွန်းသည်ဟု ထင်နေပါသလား။
၂၁။ သင့်ထံမှ မည်သည့်လက်ဆောင်ကို သင့်ရင်သွေး အနှစ်သက်ဆုံးပါသလဲ။
၂၂။ သင့်ရင်သွေးသည် ရက်အားတွင် မည်သို့ အပန်းဖြေလိုပါသလဲ။
၂၃။ အော်ကပါအိမ်အလုပ်များအနက် မည်သည်ကို သင့်ရင်သွေး အမုန်းဆုံးပါလဲ။
(က) ပန်းကန်ဆေးခြင်း။ (ခ) အိပ်ခန်းရှင်းလင်းခြင်း။ (ဂ) အမှိုက်သွန်ခြင်း။
၂၄။ မကြာသေးမီက သင့်ရင်သွေးဖတ်ခဲ့သော ပြင်ပစာအုပ်ကို သင်သိပါသလား။
၂၅။ ရင်သွေးငယ် အနှစ်သက်ဆုံး မိသားစုအခမ်းအနားကို သိပါသလား။
၂၆။ သင့်ရင်သွေး အနှစ်သက်ဆုံးနှင့် အမုန်းဆုံးအစားအစာ။
၂၇။ ကျောင်းတွင် သင့်ရင်သွေးနောက်ပြောင် အခေါ်ခံရသည့်အမည်။
၂၈။ အိမ်စာများကို မည်သည့်အချိန်တွင် သင့်ရင်သွေးလုပ်လိုဆုံးနည်း။
(က) ကျောင်းမှပြန်ရောက်စ (ခ) ညစာစားပြီးနောက် (ဂ) အိမ်ရာမ၀င်မီ (ဃ) နံနက်ခင်းကျောင်းမသွားမီ
၂၉။ သင့်ရင်သွေး အနှစ်သက်ဆုံးအိမ်မွေးတိရစ္ဆာန်သည် (က) ကြောင် (ခ) ခွေး (ဂ)ငှက် (ဃ) ငါးတို့အနက် မည်သည့် တိရစ္ဆာန်ဖြစ်ပါသလဲ။
၃၀။ သင့်ရင်သွေး တန်ဖိုးအထားဆုံး ပစ္စည်း။
အမှတ်ပေးနည်း။
အဖြေပေးနိုင်သော မေးခွန်းတစ်ပုဒ်အတွက် တစ်မှတ်ပေးပါ။
၂၅ မှတ်မှ ၃၀ ကြား ရလျှင် သင်သည် သင့်ရင်သွေးအကြောင်းကောင်းကောင်းသိသူဖြစ်သည်။ သင့်ရင်သွေးနှင့် ရင်းနှီးကျွမ်းဝင်၍ သင့်ရင်သွေး ပြောသမျှကောင်းစွာနားဆင်သည်။ တစ်နည်းဆိုရသော် သင်သည် သင့်ရင်တွင်းမှ “ချစ်” သကဲ့သို့ သားသမီးကိုလည်း ချစ်ကြောင်းကောင်းစွာ ဖော်ထြုတ်ပြတတ်သူဟု အဓိပ္ပာယ်ရပါသည်။ ဤအတိုင်းဆက်လက်နေထိုင်ပါ။
၁၄ မှတ် မှ ၂၅ မှတ် အတွင်း ရလျှင်မူ သင်သည် သင့်ရင်သွေးအကြောင်း အတော်များများသိသူ (၀ါ) အတော်များများ ချစ်ကြောင်းပြနိုင်သူဟု ဆိုရပါမည်။ သို့သော် သင့်ရင်သွေးနှင့် ပို၍ ရင်းရင်းနှီးနှီးနေရန် ပြောသမျှကို ဂရုစိုက်နားဆင်၍ ချစ်ကြောင်းပြသရန် လိုအပ်နေပါသေးသည်။
၁၄ မှတ် နှင့် ၁၄ မှတ်အောက်ရလျှင်မူ သင်ကြိုးစားရပါလိမ့်မည်။ သင်သည် သင့်ရင်သွေးနှင့်ဆက်သွယ်မှု ပြုသင့်သလောက်မပြု။ ချစ်ကြောင်းပြသင့်သလောက် မပြ၍ ဖြစ်သည်။ ရင်သွေးငယ်ကို ရင်တွင်းမှ အမှန်တကယ် ချစ်ပါက ပိုမို၍ လက်ပါန်းတတီးနေရန် ၊ ရင်သွေးငယ်ပြောသမျှ ပိုမို၍ နားဆင်ရန် လိုအပ်နေပါသည်။ ။
ဦးမောင်မောင်သိမ်း (ကြယ်ငါးပွင့်)
1985 ပါ How will do you know your children ကိုပြန်ဆိုပါသည်။
ပတ်ဝန်းကျင်ကို ဒီလိုကူညီပါ
၁။ စာရွက်သုံးလျှင် ဆင်ခြင်သုံးစွဲပါ၊ စာမျက်နှာ နှစ်ဘက်စလုံးရေးပါ။
၂။ မြစ်များနှင့် ရေကန်များကို စောင့်ရှောက်ပါ။ ဆိပ်ကမ်းသာများကို အလည်သွားလျှင် သင့်ကြောင့် မညစ်ပတ်ပါစေနှင့်။
၃။ စွမ်းအင်ကို ခြိုးခြံချွေတာပါ။ မလိုအပ်လျှင် လျှပ်စစ်မီးများကို ပိတ်ထားပါ။
၎။ ပန်းကန်ခွက်ယောက်များကို ပြန်လည်အသုံးပြုတတ်ပါစေ။
၅။ တိမ်ကောမည့် အန္တရာယ်ကြုံနေရသော တိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရန် ကူညီပါ။ (သာမွှေး၊ ဆင်စွယ်၊ မိကျောင်းရေ၊ လိပ်ခွံတို့ဖြင့် ပြုလုပ်သော အရာများကို ၀ယ်မသုံးပါနှင့်။)
၆။ ရေကိုချွေတာပါ။ သင့်ပတ်ဝန်းကျင်တွင် ရေပိုက်ပေါက်နေလျှင် ၊ ဘုံဘိုင်ခေါင်းပျက်နေလျှင် ပြုပြင်နိုင်သူကို အကြောင်းကြားပါ။
၇။ သစ်ပင်များကို ဂရုစိုက်ပါ။ အပင်သစ်များကို စိုက်ပါ။ ယင်းတို့ကို မပျက်စီးအောင် ကာကွယ်စောင့်လျှောက်ပါ။
၈။ လမ်းလျှောက်သွားလာပါ။ ဘတ် (စ) ကားစီးပါ။ ကိုယ်ပိုင်ကားရှိလျှင် အကန့်အသတ်ဖြင့် သုံးစွဲတတ်ပါစေ။
၉။ ကမ္ဘာမြေကြီးနှင့်ဆိုင်သော စာအုပ်များဖတ်ပါ။ သင်ဖတ်ရူလေ့လာထားသမျှကို သင့်မိတ်ဆွေများအား ဖြန့်ဖြူးပါ။
၁၀။ သဘာ၀၀န်းကျင် ကာကွယ်ရေးအုပ်စုဖွဲ့ပါ။ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ဖို့ မိတ်ဆွေများနှင့်ပူးပေါင်းဆောင်ရွက်ပါ။
ခင်စောလှိုင်။
1991 ခုနှစ် Environment and Development စာစောင်မှ How you can help the environment ကိုပြန်ဆိုပါသည်။
၂။ မြစ်များနှင့် ရေကန်များကို စောင့်ရှောက်ပါ။ ဆိပ်ကမ်းသာများကို အလည်သွားလျှင် သင့်ကြောင့် မညစ်ပတ်ပါစေနှင့်။
၃။ စွမ်းအင်ကို ခြိုးခြံချွေတာပါ။ မလိုအပ်လျှင် လျှပ်စစ်မီးများကို ပိတ်ထားပါ။
၎။ ပန်းကန်ခွက်ယောက်များကို ပြန်လည်အသုံးပြုတတ်ပါစေ။
၅။ တိမ်ကောမည့် အန္တရာယ်ကြုံနေရသော တိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရန် ကူညီပါ။ (သာမွှေး၊ ဆင်စွယ်၊ မိကျောင်းရေ၊ လိပ်ခွံတို့ဖြင့် ပြုလုပ်သော အရာများကို ၀ယ်မသုံးပါနှင့်။)
၆။ ရေကိုချွေတာပါ။ သင့်ပတ်ဝန်းကျင်တွင် ရေပိုက်ပေါက်နေလျှင် ၊ ဘုံဘိုင်ခေါင်းပျက်နေလျှင် ပြုပြင်နိုင်သူကို အကြောင်းကြားပါ။
၇။ သစ်ပင်များကို ဂရုစိုက်ပါ။ အပင်သစ်များကို စိုက်ပါ။ ယင်းတို့ကို မပျက်စီးအောင် ကာကွယ်စောင့်လျှောက်ပါ။
၈။ လမ်းလျှောက်သွားလာပါ။ ဘတ် (စ) ကားစီးပါ။ ကိုယ်ပိုင်ကားရှိလျှင် အကန့်အသတ်ဖြင့် သုံးစွဲတတ်ပါစေ။
၉။ ကမ္ဘာမြေကြီးနှင့်ဆိုင်သော စာအုပ်များဖတ်ပါ။ သင်ဖတ်ရူလေ့လာထားသမျှကို သင့်မိတ်ဆွေများအား ဖြန့်ဖြူးပါ။
၁၀။ သဘာ၀၀န်းကျင် ကာကွယ်ရေးအုပ်စုဖွဲ့ပါ။ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ဖို့ မိတ်ဆွေများနှင့်ပူးပေါင်းဆောင်ရွက်ပါ။
ခင်စောလှိုင်။
1991 ခုနှစ် Environment and Development စာစောင်မှ How you can help the environment ကိုပြန်ဆိုပါသည်။
တရားဘလော့ဆိုဒ်
တရားစာအုပ်တွေ တော်တော်များများလေး တင်ထားတဲ့ ဆိုဒ်တစ်ခုပါ။ သွားရောက်လေ့လာပြီး လိုအပ်တာများ ဒေါင်းနိုင်ပါတယ်။
သွားရောက်လေ့လာလည်ပတ်ချင်ရင် ဒီကို နိပ်ပြီးသွားနိုင်ပါတယ်။
သွားရောက်လေ့လာလည်ပတ်ချင်ရင် ဒီကို နိပ်ပြီးသွားနိုင်ပါတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်ကျင့်စဉ်
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း
Tuesday, August 7, 2012
အိမ်ထောင်ဦးစီးမည်သူနည်း
သင်၏အိမ်ထောင်တွင် မည်သူက သြဇာညောင်းပါသနည်း။ အောက်ပါမေးခွန်းများကို ဇနီးမောင်နှံ ဖြေကြည့်ပါ။
၁။ သင်၏ ဆံပင်ပုံစံကို မည်သူကထားခိုင်းသနည်း။
၂။ မနက်ခင်းတွင် သတင်းစာကို မည်သူက အလျင်ဦးဆုံးဖတ်သနည်း။
၃။ သင်တို့လက်ထပ်စဉ်က အချိန်နှင့်နေရာကို မည်သူက ဆုံးဖြတ်ခဲ့သနည်း။
၎။ ပျားရည်ဆမ်းခရီးက၇ို မည်သူက စီစဉ်သနည်း။ သင်လား။
၅။ သင်မည်သူနှင့် မိတ်ဆွေအပေါင်းအသင်း လုပ်ရမည်ဟု မည်သူက ရွေးချယ်ပေးသနည်း။
၆။ အိမ်ထောင်အတွက် ငွေပေးချေစရာရှိလျင် မည်သူက ပေးသနည်း။
၇။ အိမ်လာလည်ရန် မည်သူ့ဘက်က ဆွေမျိုးကို အဖိတ်ခေါ်များသနည်း။
၈။ မည်သူအား မည်သည့်လက်ဆောင် ပေးရမည်ကို မည်သူက ဆုံးဖြတ်သနည်း။
၉။ ညနေခင်းတွင် ပွဲလမ်းသဘင် ၊ ရုပ်ရှင် ထွက်ကြည့်သောအခါ မည်သည့်ဇာတ်ကား ကြည့်ရမည်ကို မည်သူက ဆုံးဖြတ်သနည်း။
၁၀။ အိမ်ပြင်ဆင်မွမ်းမံမှုကို မည်သူ့စိတ်ကူးအတိုင်းလုပ်သနည်း။
၁၁။ တစ်ယောက်ယောက်အတွက် အထူးသတ်မှတ်ထားသော ထိုင်ခုံရှိပါသလား။ ရှိလျှင် မည်သူ့အတွက်ထားသနည်း။
၁၂။ လွန်ခဲ့သော အားလပ်ရက်က မည်သည့် နေရာဒေသသို့ သွားမည်ကို မည်သူက ဆုံးဖြတ်ခဲ့သနည်း။
၁၃။ သင့်ခင်ပွန်းဝတ်ရန် အင်္ကျီကို မည်သူဝယ်သနည်း။
၁၄။ သင်အလည်အပတ်သွားရန်သင့်မသင့်၊ အကြံပြုချက်တစ်ရပ်ကို သဘောတူရန် သင့်မသင့်ကို မည်သူဆုံးဖြတ်သနည်း။
အဆုံးအဖြတ်
သင်က မွေးခွန်းတစ်ခုမှ ငါးခုထိတွင် “ကျွန်ုပ်” ဟုဖြေလျှင် သင်သည် ရှေ့ဆောင်ရှေ့ရွက်ပြုမှုမရှိ။ သို့ရာတွင် အိမ်ထောင်ဖက်အဖြစ် နှစ်လိုဖွယ်ကောင်းသူ တစ်ဦးဖြစ်သည်။
ငါးခုမှ ရှစ်ခုထိဆိုလျှင် သင့်အကြံပြုချက်သည် အရေးပါ၍ တန်ဖိုးထားခံရသည်။ သင်ကလဲ အိမ်ထောင်ဖက်၏ အကြံပြုချက်ကို အလားတူလက်ခံသူဖြစ်သည်။ သင်တို့အိမ်ထောင်ရေးသည် ငြိမ်းချမ်းသာယာသည်။
ရှစ်ခုမှ တစ်ဆယ့်လေးခုထိဆိုလျှင်ကား အန္တရာယ်စက်ကွင်းတွင် ရှိနေပြီ။ သင်၏အဖြေများတွင် သင်က အကြိမ်ပိုများလေလေ သင်သည် အိမ်ထောင်ဖက်ကို နိုင်လိုမင်းထက် လုပ်တတ်သူဖြစ်ကြောင်း ထင်ရှားလေလေဖြစ်သည်။
မော်ကွန်းတင် 1995
၁။ သင်၏ ဆံပင်ပုံစံကို မည်သူကထားခိုင်းသနည်း။
၂။ မနက်ခင်းတွင် သတင်းစာကို မည်သူက အလျင်ဦးဆုံးဖတ်သနည်း။
၃။ သင်တို့လက်ထပ်စဉ်က အချိန်နှင့်နေရာကို မည်သူက ဆုံးဖြတ်ခဲ့သနည်း။
၎။ ပျားရည်ဆမ်းခရီးက၇ို မည်သူက စီစဉ်သနည်း။ သင်လား။
၅။ သင်မည်သူနှင့် မိတ်ဆွေအပေါင်းအသင်း လုပ်ရမည်ဟု မည်သူက ရွေးချယ်ပေးသနည်း။
၆။ အိမ်ထောင်အတွက် ငွေပေးချေစရာရှိလျင် မည်သူက ပေးသနည်း။
၇။ အိမ်လာလည်ရန် မည်သူ့ဘက်က ဆွေမျိုးကို အဖိတ်ခေါ်များသနည်း။
၈။ မည်သူအား မည်သည့်လက်ဆောင် ပေးရမည်ကို မည်သူက ဆုံးဖြတ်သနည်း။
၉။ ညနေခင်းတွင် ပွဲလမ်းသဘင် ၊ ရုပ်ရှင် ထွက်ကြည့်သောအခါ မည်သည့်ဇာတ်ကား ကြည့်ရမည်ကို မည်သူက ဆုံးဖြတ်သနည်း။
၁၀။ အိမ်ပြင်ဆင်မွမ်းမံမှုကို မည်သူ့စိတ်ကူးအတိုင်းလုပ်သနည်း။
၁၁။ တစ်ယောက်ယောက်အတွက် အထူးသတ်မှတ်ထားသော ထိုင်ခုံရှိပါသလား။ ရှိလျှင် မည်သူ့အတွက်ထားသနည်း။
၁၂။ လွန်ခဲ့သော အားလပ်ရက်က မည်သည့် နေရာဒေသသို့ သွားမည်ကို မည်သူက ဆုံးဖြတ်ခဲ့သနည်း။
၁၃။ သင့်ခင်ပွန်းဝတ်ရန် အင်္ကျီကို မည်သူဝယ်သနည်း။
၁၄။ သင်အလည်အပတ်သွားရန်သင့်မသင့်၊ အကြံပြုချက်တစ်ရပ်ကို သဘောတူရန် သင့်မသင့်ကို မည်သူဆုံးဖြတ်သနည်း။
အဆုံးအဖြတ်
သင်က မွေးခွန်းတစ်ခုမှ ငါးခုထိတွင် “ကျွန်ုပ်” ဟုဖြေလျှင် သင်သည် ရှေ့ဆောင်ရှေ့ရွက်ပြုမှုမရှိ။ သို့ရာတွင် အိမ်ထောင်ဖက်အဖြစ် နှစ်လိုဖွယ်ကောင်းသူ တစ်ဦးဖြစ်သည်။
ငါးခုမှ ရှစ်ခုထိဆိုလျှင် သင့်အကြံပြုချက်သည် အရေးပါ၍ တန်ဖိုးထားခံရသည်။ သင်ကလဲ အိမ်ထောင်ဖက်၏ အကြံပြုချက်ကို အလားတူလက်ခံသူဖြစ်သည်။ သင်တို့အိမ်ထောင်ရေးသည် ငြိမ်းချမ်းသာယာသည်။
ရှစ်ခုမှ တစ်ဆယ့်လေးခုထိဆိုလျှင်ကား အန္တရာယ်စက်ကွင်းတွင် ရှိနေပြီ။ သင်၏အဖြေများတွင် သင်က အကြိမ်ပိုများလေလေ သင်သည် အိမ်ထောင်ဖက်ကို နိုင်လိုမင်းထက် လုပ်တတ်သူဖြစ်ကြောင်း ထင်ရှားလေလေဖြစ်သည်။
မော်ကွန်းတင် 1995
Monday, August 6, 2012
သစ်ပင်များသည် ကျွန်ုပ်တို့၏ မိတ်ဆွေများ ဖြစ်ကြသည်
ဒိုင်နိုဆော်များ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားရန် နှစ်ပေါင်း ၈ သန်း အချိန်ယူခဲ့သည်။ ယခုအခါ တိရစ္ဆာန်များနှင့် အင်းဆက်ပိုးများသည် အလွန်လျှင်မြန်သော နှုန်းများနှင့် ပျောက်ကွယ်နေကြသည်။ နှစ်စဉ်မျိုးစိတ်များ တစ်သောင်းမှ သုံးသောင်းငါးထောင်အထိ ပျောက်ဆုံးနေကြသည်။ အများစုမှာ ယင်းတို့၏ သဘာဝအိမ်ကြီးဖြစ်သော သစ်တောများ ဖျက်ဆီးခံရသောအခါ သေဆုံးကုန်ကြသည်။
သစ်တောများကို ခုတ်ထွင်ရှင်းလင်းလိုက်သောအခါ ကမ္ဘာမြေသားအခြေအနေမှာလည်း ညံ့ဖျင်းလာခဲ့ရ သည်။ သစ်တောသည် ရာသီဥတုအပေါ် လွှမ်းမိုးနိုင်ပြီးမြေကြီးကို ရေနှင့်လေတိုက်စားခြင်းမှ အကာ အကွယ်ပေးပြီး ရေကြီးခြင်းကို ထိန်းချုပ်ရာတွင် အထောက်အကူရသည်။ ကမ္ဘာလူဦးရေ တစ်ဝက်နီးပါး အတွက် လောင်စာ အရင်းအမြစ်အဖြစ် ထင်းကိုအားထားနေရသည်။ သစ်ပင်များမရှိတော့သည့်အခါ မိုးရေသည် တန်ဖိုးရှိသော မြေသားအပေါ်ယံလွှာကို အလွယ်တကူတိုက်စားပစ်လိုက်သည်။ ထိုမြေလွှာတွင် ကျွန်ုပ်တို့အတွက် စားသုံးသီးနှံပင်အားလုံးကို စိုက်ပျိုးကြရာ ရေတိုက်စားပစ်လိုက်သည့်အခါ မြေသားကို စိုက်ပျိုးရန် အသုံးမပြုနိုင်တော့ပေ။ သဲကန္တရအများစုမှာ သစ်တောများပျက်သုံးခြင်းနှင့် မြေကြီးကို အလွဲ သုံးခြင်းမှ ပေါ်ပေါက်လာခဲ့ရသည်။ ဥပမာအားဖြင့် တစ်ချိန်က ဆာဟာရသည် စိမ်းလန်းစိုပြေခဲ့သည်။ ယခုအခါ ယင်းမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော သဲကန္တရဖြစ်နေသည်။ ကျွန်ုပ်တို့သည် အတိတ်မှ သင်ခန်းစာများကို မယူကြပါ။ ယခုအခါ စက္ကန့်တိုင်းတွင် ဘောလုံးတစ်ကွင်းစာမျှသော မိုးသစ်တောများကို ကျွန်ုပ်တို့ ဖျက်ဆိးနေကြသည်။ အကယ်၍ ကျွန်ုပ်တို့ဂရုမပြုလျှင် နိုင်ငံအများစုတွင် မကြမီ သစ်တောများ လုံးဝပျောက်ကွယ် သွားပေလိမ့်မည်။
သစ်ပင်များသည် ကျွန်ုပ်တို့၏ မိတ်ဆွေများဖြစ်ကြ၏။ သစ်ပင်တစ်ပင်ကို ကျွန်ုပ်တို့ ခုတ်လှဲသောအခါ ယင်းအပင်၏ နေရာတွင် အပင်သစ်တစ်ပင်ကို ကျွန်ုပ်တို့ စိုက်ပျိုးသင့်၏ ။ ကျွန်ုပ်တို့ကျန်ရှိနေသော သစ်တောများကို ကျွန်ုပ်တို့သည် သတိပညာကိုအခြေခံလျှက် အသုံးပြုသင့်သည်။
Trees Are Ours Friends ကို ဘာသာပြန်သည်။
မိဆိုင်ဖဆိုင်နတ်
မြန်မာပြည်တွင် နယ်ပယ်ဒေသ အလိုက် ပသရသော သီးခြားနတ်များ ရှိသည်။ ထိုနတ်များကို မိဘ၊ ဘိုးဘွားဘီဘင်မှစ၍ အစဉ်အဆက် ပသလာကြသဖြင့် မိဆိုင်ဖဆိုင်နတ်၊ ရိုးရာနတ်ဟူ၍ ခေါ်ကြသည်။
အိမ်တွင်းနတ်၊ အိမ်စောင့်နတ် အဖြစ် မင်းမဟာဂီရိအပြင်၊ မိဆိုင်ဖဆိုင်နတ်ကိုလည်း ပသကြသည်။ အောက်မြန်မာပြည်တွင် နေထိုင်သူများက နံကရိုင်းမယ်တော်ကိုလည်း ကောင်း၊ တလိုင်းကျော်နတ်ကိုလည်းကောင်း၊ ပသကြသည်။ ဦးရှင်ကြီးမှာ ပင်လယ်ကိုယ်စားပြုနတ်ဖြစ်သည်။ ပင်လယ်ပြင်ခရီးထွက်သူများက ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် မိမိတို့၏ ဆန္ဒပြည့်ဝစေရေးအတွက် စောင်မ စောင့်ရှောက်ရန် ဦးရှင်ကြီးကို ပသကြသည်။ နောက်ပိုင်းတွင် ပင်လယ်ရေငန်ဝင်သည့်ဒေသရှိ လူအားလုံးက ခရီးထွက်သည်ဖြစ်စေ၊ အိမ်မှာနေသည်ဖြစ်စေ ဦးရှင်ကြီးကို ပသလာကြသည်။
မုံရွာမြို့နယ်တစ်ဝိုက်ရှိ လူများက အလုံဘိုးတော်ကြီးကို လည်းကောင်း၊ အမေရေရင်ကိုလည်းကောင်း မိဆိုင်ဖဆိုင်နတ်အဖြစ် ပသကြသည်။ မန္တလေးအနီးတစ်ဝိုက်မှ လူများကမူ တောင်ပြုံးမင်းညီနောင်ကို မိဆိုင်ဖဆိုင်နတ်အဖြစ်လက်ခံထားသည်။
ရွှေဘိုနယ်တစ်ဝိုက်ကို လေ့လာကြည့်သောအခါ ဇီးတောနတ်သည် သူတို့၏ မိဆိုင်ဖဆိုင်နတ်ဖြစ်သည်။ ကိုးမြို့ရှင်နတ်၊ ပခန်းဦးမင်းကျော်၊ ပုပ္ပားမယ်တော် စသဖြင့် အရပ်ဒေသအလိုက် ပသမှုရှိသည်ကိုတွေ့ရသည်။ ဘည်။
အမိနှင့်အဖသည် တစ်နယ်တည်းသားဖြစ်ပါက ရိုးရာနတ်ပသမှုမှာ တူညီသည် ။ ဥပမာ ဇနီးနှင့် ခင်ပွန်းသည် ရွှေဘိုနယ်သားများဖြစ်ပါက မိဆိုင်ဖဆိုင်နတ်သည် ဇီးတောနတ်ဖြစ်သည်။ သားသမီးများ၏ မိဆိုင်ဖဆိုင်နတ်သည်လည်း ဇီးတောနတ်ဖြစ်သည်။
သို့သော် ဖခင်သည် မုံရွှာနယ်မှ ဖြစ်ပြီး မိခင်က ရွှေဘိုနယ်က ဖြစ်ပါက ဖခင်ဘက်မှ အလုံဘိုးဘိုးကြီးနှင့် ဆိုင်ပြီး မိခင်ဘက်မှ ဇီးတောနတ်နှင့်သက်ဆိုင်သည်။ သူတို့သည် ထိုအိမ်ထောင်စုနှင့်သတ်ဆိုင်သည့် နတ်နှစ်ပါးဖြစ်လာသည်။ နှစ်ပါးစလုံးကိုပင် ပသကြသည်။
ဤသို့သော အိမ်ထောင်စုတွင် သားသမီးများ ပေါက်ဖွားလာသောအခါ ကလေးများသည် မည်သည့်နတ်နှင့် သက်ဆိုင်ပါသနည်း ။ အလုံဘိုးဘိုးကြီးလော၊ ဇီးတောနတ်လေ။ ဖခင်ဘက်ကိုလိုက်ပြီး ပသမှုပြုသလော။ မိခင်ဘက်ကို ပသမှုပြုသလော။ အိမ်ထောင်စုများကို လေ့လာကြည့်သောအခါ ဖခင်ဘက်လိုက်သူများရှိသလို မိခင်ဘက်လိုက်ပြီး ပသသူများလည်းရှိကြသည်။ နှစ်ဖက်စလုံးမှ နတ်များကို လက်ခံပြီး ပသသူများလည်းရှိကြသည်။
သို့သော မြေးမြစ်များလက်ထက်တွင် အားလုံးကိုလက်ခံပသ၍ မဖြစ်။ တစ်ဦးဦးကိုသာ လက်ခံပသရမည်ဖြစ်သည်။ သားသမီးလက်ထက်တွင် မိဆိုင်ဖဆိုင် နှစ်ဦးဆိုပါက မြေးများလက်ထက်တွင် လေးဦး၊ မြစ်များလက်ထက်တွင် ရှစ်ဦး စသဖြင့် အဆပွားလာမည်ဖြစ်ပေသည်။
ဤသို့ဖြစ်လာသည့်အခါ ထင်ရှားသည့်နတ်ကို မိဆိုင်ဖဆိုင်အဖြစ်ပသကြသည်ကို တွေ့ရသည်။ ကျေးရွာတစ်ရွာနှစ်ရွာနှင့်သာ သက်ဆိုင်သည့်နတ်နှင့် ပခန်းဦးမင်းကျော် သို့မဟုတ် တောင်ပြုံးမင်းညီနောင်တို့နှင့် ယှဉ်ပါက ဦးမင်းကျော် သို့မဟုတ် တောင်ပြုံးမင်းညီနောင်ကို မိဆိုင်ဖဆိုင်အဖြစ် ပသကြသည်ကို တွေ့ရသည်။
မြန်မာတို့တွင် မိဆိုင်ဖဆိုင်နတ်အများအပြားပင်ရှိသည်။ အရပ်ဒေသ အနည်းငယ်ကွာခြားသွားရုံမျှနှင့် ဒေသနတ်ပသမှုမှာလည်း ကွဲပြားသွားသည်။
အင်းစောင်းတွင် နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်သူများက စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အင်းနတ်ကိုပသကြသည်။ ထိုဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများကလည်း ရေတွင်အန္တရာယ်မရောက်ရစေရန် အင်းနတ်ကိုပင် ပသကြသည်။ မိဘအဆင်အဆက်ပသလာကြရာမှ အင်းနတ်သည် ထိုသူတို့၏ မိဆိုင်ဖဆိုင်နတ်ဖြစ်လာသည်။
စစ်ကိုင်းတိုင် ရွာသစ်ကြီးတစ်ဖက်ကမ်းရှိ ကျောက်တစ်လုံးလက်ပံ့ပင်တစ်ဝိုက်က မိဆိုင်ဖဆိုင်အဖြစ် ပသသည့်နတ်ရှိသည်။ ထိုနတ်၏အမည်မှာ ဘကတင်းနတ်ဖြစ်၏။ ဘကမြင်းအင်းဘေးတွင် နတ်စင်ရှိသည်။ အခြား နတ်စင်တို့မှာ ရွာဦးတွင် ရှိတတ်သော်လည်း ဘကတင်းနတ်စင်မှာ ဘကမြင်းအင်းဘေးတွင်ရှိသည်။ အင်းစောင့်နတ်ဖြစ်ဟန်တူသည်။ နတ်၏အမည်မှာ မြန်မာအမည်ဟုတ်ဟန်မတူ မည်သို့သောနတ်ဖြစ်သည်ကို ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပေသည်။
ယောနယ်တွင် တောင်များပေါများရာ ရွာသူရွာသားများက တောင်စောင့်နတ်ကို ရိုးရာနတ်၊ မိဆိုင်ဖဆိုင်နတ်အဖြစ် ပသကြသည်။ နတ်ကိုကြောက်ရွံ၍ လည်းကောင်း၊ တောင်ပေါ်တက် ထင်းခုတ်၊ ၀ါးခုတ် စသည့် အသက်မွေးဝမ်းကြောင်းပြုမှုတစ်ခုခုအတွက် လည်းကောင်း၊ တောင်စောင့်နတ်အား ပသကြသည်။ သူတို့အား ဒုက္ခမပေးစေရန်နှင့် ကူညီစောင့်ရှောက်ရန် ဘိုးဘွားစဉ်ဆက်ပသလာကြရာမှ ထိုတောင်စောင့်နတ်များသည် မိဆိုင်ဖဆိုင်နတ်ဖြစ်လာကြသည်။
ထီးလင်းမြို့တွင် နေထိုင်သူအချို့က ကျောက်မဆင်နတ်၊ တောင်ညိုနတ်၊ တောင်လုံးနတ်ကိုလည်းကောင်း၊ ထီးလင်းမြို့နယ် စို့ပြားရွာတွင် နေထိုင်သူတို့က ခွက်ဆေးတောင်နတ်ကိုလည်းကောင်း၊ အုန်းတွဲရွာတွင် နေထိုင်သူတို့က ပေါင်မင်းတောင်နတ်ကိုလည်းကောင်း၊ ကျင်းရွာတွင် နေထိုင်သူတို့က အင်တောင်နတ်၊ ပုံတောင်နတ်ကိုလည်းကောင်း မိဆိုင်ဖဆိုင်နတ်အဖြစ် ပသကြသည်။
ကျောက်ထုနယ်တွင် နေထိုင်သူတို့က ခမ်းကိုတောင်၊ မအိုတောင်စောင့်နတ်များကို ရိုးရာနတ်များအဖြစ် ပသကြသည်။ ထိုနတ်တို့ကို ခတိုနတ်၊ မအိုနတ်ဟုခေါ်ကြသည်။
မိုးကုတ်တွင် အချို့ကိုမေးမြန်းကြည့်ရာ မိဆိုင်ဖဆိုင်နတ်ဟူ၍ တိတိကျကျမရှိဟု သို့မဟုတ် မသိသူများရှိကြသည်။ ထိုအခါ
ရွာစောင့်နတ်၊ မြို့စောင့်နတ်ဖြစ်သည့် မြင်းဖြူရှင်ကိုပင် မိဆိုင်ဖဆိုင်နတ်အဖြစ် အချို့က လက်ခံပသကြသည်။
ရွာစောင့်နတ်၊ မြို့စောင့်နတ်ဖြစ်သည့် မြင်းဖြူရှင်ကိုပင် မိဆိုင်ဖဆိုင်နတ်အဖြစ် အချို့က လက်ခံပသကြသည်။
မိုးကုတ်မြေတွင် ရတနာတူးဖော်ရာမြေဖြစ်ခြင်းကြောင့် ရတနာစော့်နတ်များဟု ယူဆနိုင်သည့် နတ်များကို ပသမှုပြုလုပ်ကြသည်။ ရွှေကိုင်သခင်မ၊ သော့ကိုင်သခင်မ၊ အနောက်ပိုင်းဘိုးတော်ကြီး၊ ချောင်းဆုံဘိုးတော်ကြီး ၊ ကျောက်ကုလားဘိုးဘိုးကြီး၊ ဘိုးတော်မှိုင်း တို့သည် မိုးကုတ်နယ်မြေတွင် ပသသည့်နတ်များဖြစ်ကြသည်။
မန္တလေးအနီးတစ်ဝိုက်တွင် နေထိုင်သဖြင့် တောင်ပြုန်းညီနောင်သည် မိဆိုင်ဖဆိုင်နတ်ဖြစ်ကြသည်။ ရွှေဘိုသို့်ပြောင်းရွှေ့နေထိုင်သဖြင့် ဇီးတောနတ်ကို မိဆိုင်ဖဆိုင်နတ်အဖြစ် ယူဆမရသကဲ့သို့ ပဲခူးနယ်တွင် နေထိုင်သဖြင့် နန်ကရိုင်းမယ်တော်ကို လည်း ဤသို့ယူဆ၍ မရပေ။ မြန်မာပြည် မည်သည့်အရပ်တွင် နေထိုင်သည်ဖြစ်စေ၊ မိဆိုင်ဖဆိုင် နတ်သည် တသမတ်တည်းသာ ရှိရသည်။
ပြောင်းလဲပသ၍မရပေ။
ဝန်းသိုဇာတိဖြစ်ပြီး ယခုထီးလင်းမြို့တွင် နေထိုင်သူတစ်ဦး၏ မိဆိုင်ဖဆိုင်နတ်မှာ မှိုင်းတုံဘိုးတော်ကြီးဖြစ်သည်။ ပေါက်မြို့ဇာတိ ထီးလင်းတွင် နေသူတစ်ဦးက ရွှေနပေကို ပသကြသည်။ ပခုက္ကူသားက အမေရေရင်ကို ပသပြီး စလင်းနယ်သားအတွက်မူ ကိုးရေရင်နတ်နှင့်ဆိုင်သည်။ လားရှိုးဇာတိသားတစ်ဦး၏ မိဆိုင်ဖဆိုင်နတ်မှာ ကိုးမြို့ရှင်ဖြစ်ပြီး တောင်ငူမှပြောင်းရွှေ့လာသူတစ်ဦးကမူ နန်ကရိုင်းမယ်တော်ကိုပသကြသည်။
မိဆိုင်ဖဆိုင်နတ်ကိုသိပါက ထူသူ၏ ဇာတိဇာတ်မြစ်သည် မည်သည့်အရပ်ကဖြစ်မည်ကို ခန့်မှန်းယူနိုင်သည်။
မန္တလေးအနီးစဥ့်ကိုင်မြို့နယ်၊ ဆည်ရွာတွင် နေထိုင်သူအမျိုးသားတစ်ဦး၏ မိဆိုင်ဖဆိုင်နတ်မှာ တလိုင်းကျော်ဖြစ်သည်။ သူသည် ဆည်ရွာတွင်မွေးဖွားသော်လည်း ဆည်ရွာသူ၊ ရွာသားများပသသည့် ရွေကူးကကော်(ရွှေဖူးကကော် ?) နှင့်သက်ဆိုင်မှုမရှိပေ။ ဖခင်ကလည်း ဆည်ရွာတွင် မွေးဖွားလာသည်ဟု ဆိုသည်။ သူတို့၏ အဆက်တစ်ဆက်ဆက်သည် မြန်မာပြည်အောက်ပိုင်းမှ ပြောင်းရွှေ့ခဲ့ဟန်တူပေသည်။
စိတ်မ၀င်စားသဖြင့် မိဆိုင်ဖဆိုင်နတ်ကို အမှုမထားပသမှုမပြုဘဲ ထားကြသူ အမြောက်အများ ရှိသည်။ သို့သော် ရောက်ရှိရာအရပ်ဒေသမှ နတ်ကိုကား ပြောင်းလဲပသခြင်း မပြုလုပ်ကြပေ။
သားသမီးများလူလားမမြောက်မီ မိဘများ ကွယ်လွန်သေဆုံးသွားကြသဖြင့် မိဆိုင်ဖဆိုင်နတ်ကို မမေးလိုက်ရလျှင် အခက်အခဲမရှိပါ။ မိဖ တို့၏ ဇာတိဇာတ်မြစ်ကိ ပြောပြနိုင်လျှင် နတ်ကတော်များက သက်ဆိုင်ရာမိဆိုင်ဖဆိုင်နတ်ကို ပြောပြကြပေလိမ့်မည်။
နတ်ကတော်တို့အား ယုံကြည်မှုမရှိသဖြင့် မိမိကိုယ်တိုင် ဓိဌာန်ပြီး မိဆိုင်ဖဆိုင်နတ်ကို မေးမြန်းသူလည်း ရှိသည်။ ကန်တော့ပွဲထိုးပြီး မိမိနှင့်သတ်ဆိုင်သောနတ် ဆိုပါက၊ မ၍ မရနိုင်အောင်လေးပါစေ၊ မသက်ဆိုင်ပါက ပေါ့ပါစေဟု အဓိဌာန်ပြီး ကန်တော့ပွဲကို မကြည့်သည့် အမျိုးသမီးတစ်ဦးကို စာရေးသူတွေ့ကြုံဖူးသည်။ သူ့အဓိဌာန်အတိုင်းသိရသည့်နတ်ကိုပင် မိဆိုင်ဖဆိုင်နတ်အဖြစ် သူသည် နှစ်စဉ်ပသလျှက်ရှိ၏။
မိဆိုင်ဖဆိုင်နတ်များသည် ဒေသနတ်များဖြစ်ကြသည်။ သူ့ဒေသနှင့် သူအပိုင်စားရသော နတ်များလည်း ဖြစ်သည်။ တစ်ရပ်တစ်ပါးမှ ပြောင်းရွှေ့လာသူများက သယ်ဆောင်လာသဖြင့် အခြားဒေသမှနတ်များ မိမိပိုင်နက်အတွင်း သို့ ရောက်ရှိလာသော် လည်း မည်သို့မျှမဖြစ်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ကြသည်ကို အံ့သြဖွယ်ရာ တွေ့ရပေသတည်း။ ။
တဒင်္ဂမှာ
အငိုနဲ့အပြုံး
အလှည့်ကျနေရာယူထား
မျက်နှာများပေါ်မှာ…..။
လောဘငို
သောကငို
နွေထဲငို
ကြေကွဲငို
ဟန်ဆောင်ငို
ရန်ထောင်ငို
……………..
လူတစ်ချို့ငိုနေကြတယ်။
သက်မဲ့အပြုံး
ရှက်တဲ့အပြုံး
ချိုတဲ့အပြုံး
ပိုတဲ့အပြုံး
………………….
လူတစ်ချို့ပြုံးနေကြတယ်။
ငိုခွင့်….။
ပြုံးခွင့်..။
အသင့်စောင့်စား
(အားရပါးရ…..)
ငိုကြ ပြုံးကြ
ပြုံးကြ ငိုကြ
တဒင်္ဂမှာ…..။ ။
မြတ်မိုးလတ်
အလှည့်ကျနေရာယူထား
မျက်နှာများပေါ်မှာ…..။
လောဘငို
သောကငို
နွေထဲငို
ကြေကွဲငို
ဟန်ဆောင်ငို
ရန်ထောင်ငို
……………..
လူတစ်ချို့ငိုနေကြတယ်။
သက်မဲ့အပြုံး
ရှက်တဲ့အပြုံး
ချိုတဲ့အပြုံး
ပိုတဲ့အပြုံး
………………….
လူတစ်ချို့ပြုံးနေကြတယ်။
ငိုခွင့်….။
ပြုံးခွင့်..။
အသင့်စောင့်စား
(အားရပါးရ…..)
ငိုကြ ပြုံးကြ
ပြုံးကြ ငိုကြ
တဒင်္ဂမှာ…..။ ။
မြတ်မိုးလတ်
Sunday, August 5, 2012
ကလျာမိမိမုန်း
မိန်းမတစ်ယောက်၏ အလှကို ဆံဖျားမှ ခြေဖျားအထိ ဖော်ကျူးသီဖွဲ့ထားသော ကဗျာဝတ္ထုရှည် PDF စာအုပ်လေးပါ။
ဒီမှာ ဒေါင်းနိုင်ပါတယ်။
PDF Book တွင်လည်းကြိုက်နှစ်သက်ရာများကို ရွေးချယ်ဒေါင်းနိုင်ပါသည်။
ဒီမှာ ဒေါင်းနိုင်ပါတယ်။
PDF Book တွင်လည်းကြိုက်နှစ်သက်ရာများကို ရွေးချယ်ဒေါင်းနိုင်ပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းမိန့်ခွန်း
(၁.၆.၅၈) ၁၃၂၀ ခု ၊ နယုန်လပြည့် ၊ တနင်္ဂနွေနေ့၊ ရန်ကုန်မြို့၊ ကန်တော်မင်ပန်းခြံ ကျင်းပသော ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြ လူထုအစည်းအဝေး သဘာပတိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိန့်ခွန်း PDF စာအုပ်လေးပါ။
ဒီမှာ ဒေါင်းနိုင်ပါတယ်။
PDF Book တွင်လဲ စာအုပ်များကို ရှာဖွေဒေါင်းနိုင်ပါသည်။
ဒီမှာ ဒေါင်းနိုင်ပါတယ်။
PDF Book တွင်လဲ စာအုပ်များကို ရှာဖွေဒေါင်းနိုင်ပါသည်။
နမ်းရှုပ်ခြင်းဖြင့် အအေးမိရောဂါ ကူးစက်နိုင်သလား
အအေးမိနေသူသည် နှပ်ညှစ်ခြင်း၊ နှာခေါင်းကိုလက်ဖြင့် ကိုင်မိထိမိခြင်းတို့ကြောင့် ဗိုင်းရပ်များလက်ပေါ်သို့ ရောက်ရှိသွားသည်။ ထိုလက်ဖြင့် ကိုင်တွယ်မိရာ အရာဝတ္ထုတိုင်းသို့ ရောဂါပိုးထပ်မံ ပျံ့နှံ့သွားပြန်၏။ (ဥပမာအားဖြင့် တယ်လီဖုန်း၊ တံခါးလက်ကိုင် စသည်တို့ ဖြစ်ပါ၏)
ယင်းအရာဝတ္ထုများကို ကိုင်တွယ်မိသူတိုင်း၏ လက်များသို့ ရောဂါပိုးတစ်ဖန် ပျံ့နှံ့သွားပြီး ယင်းလက်များဖြင့် မိမိတို့၏ နှာခေါင်း၊ မျက်စိစသည်တို့ကို ထိတွေ့ကိုင်တွယ်မိကြရာမှ အအေးမိရောဂါ ကူးစက်ခံစားရခြင်းပင်။
တစ်ဦးနှင့်တစ်ဦး ဖက်ရမ်းနမ်းရှုပ်ရာမှ ရောဂါကူးစက်ခြင်းမျိုးမှာ ရှာမှရှားလှပေသည်။ အကြောင်းဟူမူ လူတို့၏ တံတွေးထဲတွင် အအေးမိရောဂါ ဗိုင်းရပ်ပိုး တွေ့ရခဲ၍ ဖြစ်သည် ဆို၏။
အနေအထိုင်
ငါတို့ရွာမယ်၊ လက်ထပ်တယ်ဆို
အေးစေလိုမှန်း၊ ယပ်တောင်ကမ်းတယ်။
သူတို့ရွာကျ၊ အသုဘမှာ
တရားရှာစေ၊ ယင်တောင်ဝေတယ်။
အသစ်တည်ပြု၊ အဟောင်းထုပျက်
စည်းနှစ်ဖက်ကြား
ယပ်တောင်များနှင့် အေးအောင်ရွယ်။ ။
သက်တန့် မည်သို့ ဖြစ်ပေါ်လာသလဲ
နေရောင်သည် အရောင်ခုနစ်မျိုး ရောနှောထားသော အလင်းရောင်ဖြစ်သည်ကို မြင်ရုံဖြင့် မသိနိုင်ပါ။ နေရောင်တွင် ခရမ်းလွန်ရောင်၊ မဲနယ်ရောင်၊ အပြာရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အနီရောင်တို့ ပါဝင်ကြသည်။ ထိုအရောင်များသည် သက်တန့်တွင် ပါဝင်သော အရောင်များဖြစ်သည်။ ထိုအရောင်များသည် သက်တန့်တွင် ပါဝင်သောအရောင်များဖြစ်သည်။ သို့သော်လည်း ထိုအရောင်များသည် အရောင်လေးငါးရောင်အဖြစ်သာ ရှိသည်ဟုထင်ရပါမည်။ ဆပ်ပြာပူဖောင်းကလေးတစ်ခုပေါ်သို့ နေရောင်ကျရောက်လာသောအခါ မည်ကဲ့သို့ဖြစ်ပေါ်လာကြောင်းကို သင်သတိထားမိပါလိမ့်မည်။ အလင်းရောင်သည် သက်တန့်အရောင်များအဖြစ်သို့ ဖြာထွက်သွားပါသည်။ ထိုအရောင်များသည် သုံးမြှောင့်ဖန်တုံးပေါ်သို့ အလင်းရောင်ကျရောက်သောအခါ ရောင်ခြည်ဖြာထွက်လာခြင်းနှင့်တူပါသည်။ သက်တန့်တစ်ခုသည် အမှန်တကယ်ပင် ကွေးညွတ်ဖြာထွက်သော ရောင်ခြည်ဖြာတန်းတစ်ခု ဖြစ်ပါသည်။
ထိုသက်တန့်ရောင်သည် မိုးရေစက်များထဲသို့ အလင်းရောင်ဖြတ်သန်းသွားလာသောအခါ ထိုကဲ့သို့ သက်တန့်ရောင်အသွင်သို့ သက်ရောက်ဖြစ်ပေါ်စေပါသည်။ ထိုမိုးရေစက်များသည် သုံးမြှောင့်ဖန်တုံးကလေးများ ဖြစ်ပါသည်။ သဘာဝအားဖြင့် မှန်ကန်သောနေရာမှ ချက်ကောင်းကိုကြည့်မိလျှင် ထိုအရာကို မြင်နိုင်ပါသည်။ သင်၏ရှေ့မှာ မိုးစက်များကျ၍ သင်၏နောက်မှာနေရောင်ရှိနေပါမှ သင်သည် သက်တန့်ရောင်ကို မြင်ရပါလိမ့်မည်။ ဥယျာဉ်သုံး ရေဖျန်းကရားမှ ဖြာထွက်လာသော ရေပွားကလေးများတွင်လည်း ထိုသက်တန့်ရောင်ကို တွေ့ရပါမည်။ ရှေးအခါက လူအချို့သည် သက်တန့်ကိုမြင်ရလျှင် ကံကောင်းသည်ဟု အယုံအကြည်ရှိကြသလို အချို့ကလည်း ကံမကောင်းဟု ယုံကြည်ကြပါသည်။
မကျန်းမာသော သူများကမူ သက်တန့်သည် သေလူများအဖို့ ကောင်းကင်သို့ကူးရန် တံတားဟု ယုံကြည်ကြသည်။
ဘ၀တူရိယာ
၁၉၉၅ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့ မှာ တယောဆရာ အစ်(ထ်)ဇာ့(ခ်)ပါး(လ်) မယ်(န်) ဆိုသူဟာ နယူးယောက်မြို့၊ လင်ကွန်းဗဟို ဌာနရဲ့ ခန်းမဆောင် စင်ပေါ်ကို တက်လာပါတယ်။ တယောတီးပြီး ဖျော်ဖြေဖို့ပါ။ ပါးလ်မယ်ရဲ့ဖော်ဖြေပွဲကို ကြည့်ရူသူတွေ အတွက်ကတော့ ပါး(လ်)မယ်(န်) တစ်ယောက် စင်ပေါ်ကိုတက်လာတယ်ဆိုတာကပဲ သူ့အတွက်ကတော့ ဧရာမ အောင်မြင်မူကြီး တစ်ရပ်လို့ နားလည်ထားကြပါတယ်။ ပါး(လ်)မယ်(န်)ဟာ ကလေးဘ၀ကတည်းက ပိုလီယိုအကြေသေရောဂါ ခံစာခဲ့ရသူဖြစ်တဲ့ အတွက် သူခြေထောက်နှစ်ဖက်လုံး မသန်ပါဘူး။ ချိုင်းထောက်နှစ်ဖက် သုံးပြီးလမ်းလျှောက်နိုင်တဲ့သူပါ။ အဲတော့ကာ စင်မြင့်ပေါ်ကသူ တယောထိုးမယ့် နေရာရောက်တဲ့အထိ တစ်လှမ်းချင်း နာနာကျင်ကျင်၊ပင်ပင်ပန်းပန်း လျှောက်နေတဲ့သူ့ကို ကြည့်မြင်နေရတာကိုက ပရိတ်သတ်ရဲ့၇င်ထဲမှာ မချိတင်က ဖြစ်ချင်စရာပါ။
သည်လိုနဲ့ သူထိုင်မယ့်ထိုင်ခုံဆီ ရောက်မယ့်အထိ ပင်ပန်းဆင်းရဲကြီးစွာ လျှောက်လာခဲ့ရပါတယ်။ ပြီးတော့ ကုလားထိုင်မှာ ၀င်ထိုင်လိုက် တယ်။ သူ့ချိုင်းထောက်တွေကိုလည်း ကြမ်းပေါ်ကို ညင်ညင်သာသာ ချလိုက်တယ်။ သူ့ခြေထောက်တွေကို သိုင်းပြီးထိန်းထားတဲ့ သတ္တုကွင်းတွေ၊ တန်းတွေကိုလည်း ဖြည်လိုက်ပြီးတဲ့နောက် ခြေတစ်ဖတ်ကိုနောက်ကို ဆုတ်၊ ကျန်တဲ့တစ်ဖတ်ကို ရှေ့ကိုဆန့်လိုက်ပါတယ်။
အဲ….ပြီးတော့ ကုန်းတဲ့ပြီး ကြမ်းပေါ်မှာ ချထားတဲ့တယောလေးကို ကောက်ယူလိုက်ပါတယ်။ တယောကို သူမေးအောက်မှာ နေရာချပြီးတဲ့အခါမှာတော့ နရီဆရာကို ခေါင်းဆက်ပြလိုက်ပြီး သူတယောကို စ ထိုးပါတော့တယ်။
ပါးလ်မယ်န် ရဲ့တင်ဆက်မှုကို ယဉ်ပါးပြီးဖြစ်နေတဲ့ ပရိတ်သတ်ဟာ သူလုပ်သမျှ အစဆုံးကို ငြိမ်ငြိမ်သက်သက်ပဲကြည့်နေခဲ့ကြတာပါ။ သူစင်ပေါ်ကိုတက်လာတာ၊ ချိုင်းထောက်တွေချတာ၊ ခြေထောက်ကို သိုင်းထားတဲ့ကွင်းတွေကိုဖြည်တာ၊ တယောကို ယူတာအထိ စိတ်ရှည်လက်ရှည်နဲ့ကြည့်နေခဲ့ကြပြီး သူလည်း တယောစထိုးရာ သူ့ဂီတမှာ ချက်ချင်းလိုလို နစ်မျောသွားပါတော့တယ်
ဒါပေမယ့် အဲသည်နေ့က ပွဲမှာတော့ လွဲချက်တစ်ခုက ဖြစ်လာခဲ့ပါတယ်။ တေးသွားတွေကို တီးခါစပဲ ရှိပါသေးတယ်၊ သူ့တယောရဲ့ကြိုးတစ်ချောင်းဟာ ထောင်းခနဲ့ ပြတ်သွားတာကို ပရိတ်သတ်တွေအားလုံး ကြားလိုက်ရပါတယ်။ ကြားဆို ကြိးပြတ်တဲ့အသံက ငြိမ်သက်နေတဲ့ ခန်းမဆောင်ထဲမှာ သေနတ်သံလို ဟိန်းပြီး ထွက်လာခဲ့တာကိုး။
ကြိုးပြတ်သွားပြီဆိုတာ သေချာလှသလို ပါးလ်မယ်န် အတွက် ဘာလုပ်ရမယ်ဆိုတာလည်း သေချာလို့နေပါတယ်။
သူအနေနဲ့ ခြေထောက်သိုင်းတဲ့ကွင်းကို ပြန်တပ်၊ ချိုင်းထောက်တွေကို ကောက်ယူ၊ ပြီးတော့ စင်မြင့်ပေါ်ကနေ တစ်လှမ်းချင်း ပြန်ဆင်းပြီး တခြား တယော တစ်လတ်ကို ရှာ၊ ဒါမှမဟုတ်လည်း ပြတ်သွားတဲံကြိုးနေရာမှာ အစားထိုးဖို့ နောက်ထပ်ကြီုးတစ်ချောင်းကို ရှာရမှာပဲလေ။
ဒါပေမယ့် ပရိတ်သတ်တွေ မျှော်လင့်ထားသလို သူက မလုပ်ဘူး။ ပါးလ်မယ်န်က ခဏတော့ ငြိမ်သွားတယ်။ မျက်စိတွေကိုတစ်ချက်မှိတ် လိုက်တယ်။ ပြီးတော့ နရီဆရာကို အချက်ပေးပြီး သူ့တေးသွားတွေကို အစကပြန်စတယ်။ သူ့ကိုပံ့ပိုးပေးနေတဲ့ သံစုံတီးဝိုင်းဆီက တေးသံတွေ ထွက်ပေါ်လာသလို သူလည်း ရောက်နေတဲ့နေရာကနေ သူ့တယောသူ ဆက်ထိုးနေပါတော့တယ်။ တယောဆီက ထွက်လာတဲ့အသံမှာတင် သူဟာဂီတကို ဘယ်လောက်မြတ်နိုးတယ်၊ ဘယ်လောက် ကျွမ်းကျင်တယ်ဆိုတာကို ခံစားရနေသလို ခါတိုင်း တစ်ခါမှ မကြားဖူးတဲ့ လက်သံကိုလည်း ပရိတ်သတ်တွေကြားနေရပါတယ်။
သံစုံတီးဝိုင်းမှာ တယောကို ကြိုးလေးသုံးချောင်းတည်းနဲ့ ဘယ်လိုမှ တီးလို့မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်လည်း သိတယ်၊ ခင်ဗျားလည်းသိတယ်၊ လူတိုင်းသိတယ်။ ဒါပေမယ့် အဲသည်ညကတော့ ပါးလ်မယ်န် က မသိတော့ဘူး၊ သိအောင်လည်း မကြိုးစားတော့ဘူး။
သူတီးခတ်နေတာကိုကြည့်ပြီး တီးနေတဲ့ တေးသွားရသလို မပျက်စီးအောင် ရှိနေတဲ့ ကြိုးသုံးချောင်းတည်းနဲ့ လှလှပပလေး ပြုပြင်တီးခတ်ဖို့ တစ်ရံမလပ် စိတ်ကူးနေတာကို ပြက်ပြက်ထင်ထင် မြင်နေရတယ်။ တစ်နေရာမှာဆိုရင် တယောကြိုးတွေကို လုံးလုံး ညှိမထားဘဲများ တီးနေသလား အောက်မေ့ရလောက်အောင် သူ့တယောဆီက အသံဆန်းတွေ ထွက်လာတယ်။ အသံဆန်းသာ ဖြစ်နေတာ၊ အသံကြောင်တွေတော့ မဟုတ်ဘူး။
သီချင်းလည်းဆုံးရော ခန်းမတစ်ခုလုံးဟာ အပ်ကျသံတောင် မကြားရလောက်အောင် ငြိမ်သက်တိတ်ဆိတ်လို့နေတယ်။ ပရိတ်သတ် မင်သက်မိသွားတာလေ။ ခဏလေးနေတော့မှ ပရိတ်သတ်အားလုံးဟာ မတ်တတ် ထရပ်ပြီး လက်ခုပ်သြဘာ ပေးကျပါတော့တယ်။ ဇာတ်ရုံတစ်ခုလုံးရဲ့နေရာအနှံ့က ပေါ်ထွက်နေတဲ့ လက်ခုပ်သံဟာ တစ်ခန်းလုံးမှာ သောသောကို ညံ့လို့ပါ။
လူတိုင်း မတ်တတ်ရပ်ပြီး လက်ခုပ်လည်းတီး၊ အသံထွက်ပြီးလည်းချီးကျူး၊ လက်ခေါက်တွေလည်း မှုတ်ရင်း သူ့ရဲ့အောင်မြင်မှုကို ထောပနာပြုနေကြပါတော့တယ်။
ပါးလ်မယ်န် ကတော့ ပြုံးနေလေရဲ့။ သူနဖူးပေါ်က ချွေးစလေးတွေကို သုတ်လိုက်းပြီးမှ သူတယောထိုးတဲ့ ဘိုးတံကို မြှောက်ပြီး ပရိတ်သတ်ကို ငြိမ်သတ်ဖို့ အချက်ပေးလိုက်ပါတယ်။ ပရိတ်သတ်ကလည်း ငြိမ်ကျသွားတဲ့ အခါမှာတော့ သူက ကြွားဝါတဲ့လေသံ၊ ဘ၀င်ခိုက်နေတဲ့လေသံ တစ်စက်မှ မပါဘဲ အေးဆေး တိုးသက်စွာ ပြောပါတယ်။
“တစ်ခါတစ်လေကျတော့ ကိုယ်မှာကျန်နေတာလေး၊ ရှိနေတာလေးနဲ့တင် တေးသွားတစ်ခုကို ဘယ်လောက်ကောင်းအောင် ဖန်တီးနိုင်သလဲဆိုတာ စမ်းသပ်ရှာဖွေကြည့်ဖို့က အနုပညာသမားရဲ့ တာဝန်မဟုတ်ဘူးလားဗျာ..တဲ့”
ဟား….
အင်မတန်တာသွားတဲဝါကျပါ။
အဲသည်.အချိန်ကစပြီး သူ.စကားဟာ ကျွန်တော်ရင်ထဲ အသည်းထမြှာ ခိုင်ခိုင်ကြိး စွဲနေပါတော.တယ သည်စကားဟာ ဘ၀ရဲ.အဓိပ္ပယ်ဇွင်.ဆိုချက်ရော မဇြစ်နိုင်ဘူးလား။အနုပညာသမားတွေနဲတင် ဆိုင်တာမဟုတ်ဘဲ ကျွန်တော်တို့အားလုံးအတွက် သည်စကားက အသုံးတည့်မနေဘူးလား။
ပါးလ်မယ်န်ဟာ သူဘ၀တစ်လျှောက်လုံးမှာ ကြိုးလေးချောင်းတပ်တယောလေးနဲ့ တီးခတ်ဖို့ တစ်ချိန်လုံးစိတ်ကူးပြင်ဆင်နေခဲ့တာပါ။ ဒါပေမယ့် ဘယ်လိုမှထင်မထားတဲ့အချိန်၊ ပွဲအလယ်တည့်တည့်ကျခါမှ ကြိုးတစ်ချောင်းက ပြတ်သွားပြီး သူ့တယောမှာ ကြိုးသုံးချောင်းပဲကျန်တော့တဲ့ အနေထားကို ရောက်သွားခဲ့တယ်။
သူဟာအဲသည် ကျန်တဲ့သုံးချောင်းနဲ့ပဲ တေးသွားကို မဖြစ်ဖြစ်အောင် ဆက်တီးခဲ့ပါတယ်။ အဲလိုတီးလိုက်လို့ ထွက်လာတဲ့ သူလက်သံဟာ ခါတိုင်းထက်တောင် ပိုလှနေတယ်၊ ပိုခမ်းနားနေတယ်၊ ပိုပြီးအမှတ်ရစရာ ကောင်းနေတယ်၊ ခါတိုင်းကြိုးလေးချောင်းအပြည့်အစုံနဲ့ သူတီးခဲ့သမျှထက် အပုံကြီးတောင် သာနေတာကို အဲသည့်ညက ပရိတ်သတ်အားလုံးသိကြပါတယ်။
ကျွန်တော်တို့တစ်ဦးစီရဲ့ဘ၀မှာလည်း တေးသွားလေးတွေကို တီးခတ်ဖန်တီးနေကြတာပါ။ ပထမတော့ ကျွန်တော်တို့မှာ ရှိသမျှ ပြည့်ပြည့်စုံစုံ အနေအထားနဲ့တီးကြတာပေါ့။ အဲလိုမှမဖြစ်နိုင်တော့ဘူးဆိုရင်တော့လည်း ကျွန်တော်တို့မှာ ရှိသမျှ၊ ကုန်သမျှ ကြိုးလေးတွေနဲ့ပဲ အသာယာဆုံး အကောင်းဆုံးဖြစ်အောင် ဆက်တီးဖို့က ကျွန်တော်တို့ တာဝန်ပဲမဟုတ်ပါလား။
ဘ၀ဆိုတာ တယောလို၊ စန္ဒယားလို တူရိယာတစ်ခုခုနဲ့အလား သဏ္ဍာန်တူလှပါတယ်။ ကိုယ့်ဘ၀က ဘာသံထွက်လာမလဲဆိုတာ ကိုယ်တီးတဲ့ အပေါ်မှာသာ လုံးဝမူတည်နေပါတယ်။ ကိုယ်က ဘီလူးဆိုင်းတီးရင်း ဘီးလူးဆိုင်းပဲထွက်မှာ၊ ကိုယ်က တေးထပ်တီးရင် တေးထပ်ပဲ ထွက်မှာပါ။ လွမ်းမောဖွယ်တေးသွားဆိုပေမယ့် ကိုယ်က ဆောင့်ကြီး အောင့်ကြီး တီးနေမိပြန်ရင်လည်း ဘယ်သူကမှ လွမ်းကြမှာ မဟုတ်ပါဘူး။
သည်ဇာတ်လမ်းမှာတော့ ကျန်သမျှ ကြိုးလေး သုံးချောင်းနဲ့တောင်အကောင်းဆုံး၊ အလှဆုံးတေးသွားတစ်ခု ဖန်တီးနိုင်တာကို ပါးလ်မယ်န် က လက်တွေ့ပြခဲ့ပါပြီ။
ကျွန်တော်တို့လည်း ဘ၀တေးသွားကို အကောင်းဆုံး၊ အလှဆုံးဖြစ်အောင် ရတတ်သမျှ ၊ ကျန်နေသမျှ ကြိုးလေး သုံးချောင်းနဲ့ အသက်ရှိသမျှ ကြိုးစားတီးခတ်ကြရဦးမှာပါ။
အတ္တကျော်
( Jack Riener’s Playing A Violin With Three Strings)
ဘူတာ
အမှန်တော့ ကျွန်တော်တို့တွေဟာ ခရီးရှည်ကြီးတစ်ခုကို မီးရထားကြီးစီးပြီး သွားနေကြတဲ့ ခရီးသည်တွေနဲ့ အလားသဏ္ဍာန် တူလွန်းလှပေတယ်။ ရထားပြတင်းကနေ လှမ်းမြင်ရတာတွေက ရိပ်ခနဲ ရိပ်ခနဲ။
ရထားလမ်းနဲ့အပြိုင် ပြေးနေတဲ့ အဝေးပြေးလမ်းပေါ်က ကားတွေ၊ လမ်းဆုံမှာတွေရတဲ့ ကလေးတွေက လှမ်းလက်ပြနေ၊ ဟိုး ခပ်ဝေးဝေးကတောင်ခြေမှာ ကျွဲတွေ၊ နွားတွေ၊ မြက်စားနေကြ၊ စက်ရုံ အလုပ်ရုံကတွေက မီးခိုးတလူလူ၊ တစ်မျှော်တစ်ခေါ် စိုပြည်လွင်နေတဲ့လယ်ကွင်းတွေ၊ တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေ၊ လွင်ပြင်တွေ၊ မြို့တွေ၊…….အစုံစုံ မြင်နေရတယ်။
ကျွန်တော်တို့ရဲ့ စိတ်ထဲမှာတော့ တစ်ချိန်ကျရင် ခရိးဆုံးဘူတာကို ဆိုက်လိမ့်မယ်ဆိုတဲ့ အသိလေးနဲ့ရယ်။
အဲသည်ဘူတာကို ရောက်ရင်တော့ ဆိုင်းနဲ့ဝိုင်းနဲ့၊ တံခွန်တွေ၊ အလံတွေနဲ့ ဆီးကြိုနေမယ့်သူတွေက အဆင်သင့်။ ဘူတာကို ဆိုက်ပြီဆိုရင်ဖြင့် မျှော်လင့်ချက်ဟူသမျှ၊ လိုလားသမျှ၊ တောင့်တသမျှ တစ်လုံးတစ်ဝတည်း ပြည့်စုံတော့မယ်။ တစ်စစီကျဲပြန့်နေတဲ့ ဘ၀ကြီးကလဲ သူဟာလေးနဲ့သူ အံဝင်ခွင်ကျနဲ့ နေသားကျသွားတော့မယ် အဲသလိုနားလည်ထားတယ်။
သည်လိုနဲ့ပဲ ကျွန်တော်တို့တွေဟာ ရထားတွေ ထိုင်ခုံတန်းနှစ်ခုကြားက လူသွားလမ်းလေးမှာ မနားတမ်း လျှောက်ရင်း၊ တစ်ခါတစ်လေကျတော့လည်း ရောက်ခဲလှချေရဲ့လို့ တွေးလားတွေးရဲ့။ တစ်ချိန်မှာတော့ မလွဲမသေဆိုက်မှာပါဆိုတဲ့ အတွေးလေးနဲ့ လှမ်းမျှော်လား မျှော်ရဲ့။
ဒါတင်ဘယ်ကပါလိမ့်မလဲ။ “ဘူတာကို ဆိုက်လို့ကတော့ကွာ…”လို့လဲ ကြုံးဝါးလိုက်မိရဲ့။ သည်လိုနဲ့…….
“၁၈နှစ်ပြည့်လို့ကတော့ကွာ….”
“တိုက်ဆောက်ပြီးလို့ကတော့ကွာ…..”
“ကားသစ် ၀ယ်ပြီးလို့ကတော့ကွာ” ……………………..အဲသည် “…………အခါကျရင်တော့ကွာ”တွေမှာဖြင့် ကျွန်တော်တို့တွေဟာ ဘ၀ကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းကျော်လွှားရင်း နားနားနေနေ နေရပေတော့မယ်လို့ အောက်မေ့ထားကြသူချည်းပါပဲ။ တစ်နည်းအားဖြင့် ကျွန်တော်တို့တွေ မှန်းထားတဲ့ ခရီးဆုံးဘူတာကို ဆိုက်လို့ကတော့ အပီနားလိုက်မယ်ဟဲ့၊ အ၀ ပျော်လိုက်မယ်ဟေ့ လို့ တွေးထားကြတယ်
ဒါပေမယ့် ဘ၀ခရီးမှာ ခရီးဆုံးဘူတာ မရှိဘူးဆိုတာ အသက်ကလေး အတော်ရတော့မှ သတိထားမိလာတယ်။
၁၈နှစ်ပြည့်ရင် မင်းနေချင်သလို နေနိုင်ပြီလို့ အဖေက ပြောတယ်။ ၁၈နှစ်ကလည်း ပြည့်ခဲလိုက်တာနော် တွေးရင်းနဲ့ပဲ ၁၈နှစ် ကို ကျော်လာ။ သြော်…. ဘ၀ဆိုတာ နေချင်သလို နေလို့မရမှန်း အဲသည့် ၁၈နှစ်ကို ဖြတ်ကျော်ရင်းနဲ့ပဲ ရိပ်စားမိလာပါလေရောလား။
ဘွဲ့ရရင်တော့ ကိစ္စပြီးပြီလို့တွေးလိုက်မိတယ်။ ဒါပေမယ့် တက္ကသိုလ်တက်နေခိုင်မှာပဲ ပညာဆိုတာ အဆုံးမရှိဘူးလို့ သိလာပြန်ရော။
အလုပ်ရရင်၊ ကိုယ်ဝင်ငွေလေးနဲ့ ကိုယ်နေနိုင်ရင် အတော်နှိပ်ပြီလို့ အောက်မေ့တယ်။ ဘယ်ဟုတ်မလဲ၊ ရေခဲသေတ္တာလေးလောက်တော့လိုချင်လာ၊ ရေခဲသေတ္တာရတော့ အပေါ်စက်၊ အောက်စက်လေးဆီ စိတ်ကရောက် ၊ ရလာပြန်တော့လည်း လေအေးပေးစက်ကို စဉ်းစား…………………..
ကိုယ့်မိသားစုနဲ့ကိုယ် အိမ်လေးတစ်လုံးလောက် ငှားနေနိုင်ရင်ကို အတော်ဟန်ကျပြီမှတ်။ တကယ်နေနိုင်တော့ အပိုင်ဝယ်ဖို့မျှော်ကိုး။ အပိုင်ရပြန်တော့ သားသမီးတွေအတွက်ပါ တစ်လုံးစီ ရှိနေမှဖြစ်မှာလို့ တွေးးးးးးးးးးးးး
တကယ်တော့ ဘယ်သူ့ ဘယ်သူမှ ကိုယ်မျှော်လင့်ထားတဲ့ ခရီးဆုံးဘူတာဆီကို ရောက်ခဲ့ရိုးထုံးစံမရှိပါလားကွယ်။
အင်း….ဘ၀ဆိုတာကလည်း အဲသလိုသွားနေရတာလေးကိုပဲ ပျော်နေရမယ့် အမျိုးကလား။ လမ်းဆုံးဘူတာဆိုတာက အိပ်မက်သက်သက်။ ဘ၀ဘူတာဆိုတာက လိုက်လေဝေးလေ
“ပစ္စုပ္ပန်တည့်တည့်ရှု” ဆိုတဲ့ လောကုတ္တရာစကားကို လောကီမှာ ချသုံးရင် ကောင်းမယ်ထင်ပါ့။ ပစ္စုပ္ပန်လေးကိုပဲ တလေးတစား တန်ဖိုးထားတာ အကောင်းဆုံးပါပဲလေ။
အင်း….တကယ်တော့လည့်း ပစ္စုပ္ပန်၊ လတ်တလောမှာ ထမ်းထားရတဲ့တာဝန်တွေကြောင့် လူတွေ စိတ်ဆင်းရဲနေတာမဟုတ်ဘူး။ မနေ့က၊ အတိတ်က ကိစ္စတွေအတွက် နောင်တနဲ့ မနက်ဖြန်၊ အနာဂတ်အတွက် စိုးရိမ်မှုတွေနဲ့ပဲ စိတ်နှလုံးတွေ ချုံးညိုးရ၊ စိတ်ပင်ပန်းရ၊ စိတ်ဆင်းရဲရ၊ သောကရောက်ရ ဖြစ်နေတာပါ။
အင်း….. နောင်တနဲ့ စိုးရိမ်မှုဆိုတဲ့ ဓားပြ အမြွှာညီနောင်ကသာ ကနေ့တာ လတ်တလောမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့စိတ်တွေကို အတင်းလုယူနေကြတာလား။
အင်း…..မဖြစ်ဘူး၊ မဖြစ်ချေဘူး။
ရထားတွဲ ထိုင်ခုံတန်းနှစ်ခုကြားက လူသွားလမ်းလေးမှာ မနားတမ်း လမ်းလျှောက်ရင်း ရောက်နိုး ရောက်နိုးနဲ့ ကျန်နေတဲ့ ခရီးမိုင်တွေကို တွက်ဆတဲ့ အကျင့်ဆိုးကြီးကို ရပ်တန်းကရပ်မှ။
တောင်တွေ အထပ်ထပ် တက်မယ်။ ကြိုက်တာလေးတွေ ဖိစားလိုက်မယ်။ ဖိနပ်မပါ ဗလာနဲ့ခရီးပေါက်သလောက် ဖိသွားမယ်။ မြစ်ချောင်း အင်းအိုင်တွေကိုလည်း ဖိကူးရင်း ကျော်လွားသွားလိုက်ဦးမယ်။ ဆည်းဆာတွေရဲ့အလှကိုလည်း ဖိခံစားလိုက်ဥိးမယ်။ အားရပါးရ ရယ်လိုဥိးမယ်။ ငိုတာ၊ ညည်းတာတွေ အကုန်လုံးပါအောင် တအားလျှော့ချပစ်လိုက်စမ်းမယ်။
ဘ၀ဆိုတာ အသက်ရှင်နေတာ၊ အသက် ရှိနေတာကို ခေါ်တာပါ။ သွားသွားလာလာ ရှိနေမှ အသက်ကလည်း ရှင်နေ၊ ရှိနေမှာ။ အဲတော့ သွားရင်းလာရင်းနဲ့ပဲ ပျော်နေလိုက်တော့မယ်။
ဘူတာလား………………..
အချိန်တန်ရင်တော့ သည်ဘူတာပဲ ဆိုက်မှာပါလေ။
(The Station by Robert J Hastings)
Subscribe to:
Posts (Atom)

