Sunday, August 5, 2012

သက်တန့် မည်သို့ ဖြစ်ပေါ်လာသလဲ


နေရောင်သည် အရောင်ခုနစ်မျိုး ရောနှောထားသော အလင်းရောင်ဖြစ်သည်ကို မြင်ရုံဖြင့် မသိနိုင်ပါ။ နေရောင်တွင် ခရမ်းလွန်ရောင်၊ မဲနယ်ရောင်၊ အပြာရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အနီရောင်တို့ ပါဝင်ကြသည်။ ထိုအရောင်များသည် သက်တန့်တွင် ပါဝင်သော အရောင်များဖြစ်သည်။ ထိုအရောင်များသည် သက်တန့်တွင် ပါဝင်သောအရောင်များဖြစ်သည်။ သို့သော်လည်း ထိုအရောင်များသည် အရောင်လေးငါးရောင်အဖြစ်သာ ရှိသည်ဟုထင်ရပါမည်။ ဆပ်ပြာပူဖောင်းကလေးတစ်ခုပေါ်သို့ နေရောင်ကျရောက်လာသောအခါ မည်ကဲ့သို့ဖြစ်ပေါ်လာကြောင်းကို သင်သတိထားမိပါလိမ့်မည်။ အလင်းရောင်သည် သက်တန့်အရောင်များအဖြစ်သို့ ဖြာထွက်သွားပါသည်။ ထိုအရောင်များသည် သုံးမြှောင့်ဖန်တုံးပေါ်သို့ အလင်းရောင်ကျရောက်သောအခါ ရောင်ခြည်ဖြာထွက်လာခြင်းနှင့်တူပါသည်။ သက်တန့်တစ်ခုသည် အမှန်တကယ်ပင် ကွေးညွတ်ဖြာထွက်သော ရောင်ခြည်ဖြာတန်းတစ်ခု ဖြစ်ပါသည်။

ထိုသက်တန့်ရောင်သည် မိုးရေစက်များထဲသို့ အလင်းရောင်ဖြတ်သန်းသွားလာသောအခါ ထိုကဲ့သို့ သက်တန့်ရောင်အသွင်သို့ သက်ရောက်ဖြစ်ပေါ်စေပါသည်။ ထိုမိုးရေစက်များသည် သုံးမြှောင့်ဖန်တုံးကလေးများ ဖြစ်ပါသည်။ သဘာဝအားဖြင့် မှန်ကန်သောနေရာမှ ချက်ကောင်းကိုကြည့်မိလျှင် ထိုအရာကို မြင်နိုင်ပါသည်။ သင်၏ရှေ့မှာ မိုးစက်များကျ၍ သင်၏နောက်မှာနေရောင်ရှိနေပါမှ သင်သည် သက်တန့်ရောင်ကို မြင်ရပါလိမ့်မည်။ ဥယျာဉ်သုံး ရေဖျန်းကရားမှ ဖြာထွက်လာသော ရေပွားကလေးများတွင်လည်း ထိုသက်တန့်ရောင်ကို တွေ့ရပါမည်။ ရှေးအခါက လူအချို့သည် သက်တန့်ကိုမြင်ရလျှင် ကံကောင်းသည်ဟု အယုံအကြည်ရှိကြသလို အချို့ကလည်း ကံမကောင်းဟု ယုံကြည်ကြပါသည်။

မကျန်းမာသော သူများကမူ သက်တန့်သည် သေလူများအဖို့ ကောင်းကင်သို့ကူးရန် တံတားဟု ယုံကြည်ကြသည်။

No comments:

Post a Comment