ဗုဒ္ဓစာပေများကို ကမ္ဘာတစ်ဝှမ်းမှာရှိကြသော ရဟန်းသံဃာတော်များ၊ ဗုဒ္ဓဘာသာဝင်များ ဖတ်ရူနိုင်ရန် ရည်ရွယ်ပြီး သုတေသန စာကြည့်တိုက် e library ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ e library မှာ ပိဋကတ်သုံးပုံ၊ အဌကထာ၊ ဋီကာ၊ သာသနာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော စာအုပ်များ၊ ပြင်ပမှ
Friday, December 11, 2015
Friday, April 18, 2014
ပရိတ်တရားပွဲအစီအစဉ်လေး
နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်တော်တို့ရုံးက ဘုန်းကြီး ၅ ပါးပင့်ဖိတ်ပြီးတော့ ပရိတ်တရားပွဲ ကျင်းပ ပြုလုပ်ခဲ့တဲ့ အစီအစဉ်လေးကို မှတ်တမ်းတင်ထားတာလေးပေါ့ဗျာ။ ပရိတ်တရားပွဲအတွက် လိုအပ်တဲ့ လှူဖွယ်ပစ္စည်းတွေ၊ လာရောက်တရားနာမယ့် ၀န်ထမ်းတွေကို ကျွေးမွေးမဲ့ အစီအစဉ်တွေ၊ ဖိတ်ကြားရမယ့် ၀န်ထမ်းစာရင်းတွေ နဲ့ နေရာထိုင်ခင်းအစိအစဉ်တွေ အားလုံးကို ဆောင်ရွက် ရပါတော့တယ်။ ပထမဆုံး ပရိတ်တရားပွဲ အစီအစဉ်ကို အရင်ချရေးပြီးတော့ ၀န်ထမ်းအားလုံးကို မေးလ်နဲ့ပို့။ အဓိကဖိတ်ကြားရမဲ့ဝန်ထမ်းတွေကိုလဲ ဖုန်းနဲ့ဆက်။ အချိန်နေရာသေချာထပ်ပြော။ လှူဖွယ်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲ ၊ ၀တ္တုငွေပါမကျန် လိုတာတွေပါ ထပ်ပြင်ဆင် ။ ၀ယ်စရာရှိတာ ၀ယ်။ တရားပွဲနေ့မှ လုပ်ဆောင်ရမဲ့ကိစ္စတွေကို စာအုပ်မှာသေချာမှတ်သား။ အကျွေးအမွေးအတွက် ရွှေရင် အေး ဆိုင်ကိုသွားပြီး စာရံပေး။ ဘယ်နေ့လာယူမယ်ဆိုတာ
သေချာပြော။ ဘောင်ချာရေးခိုင်း။ ရွှေရင်အေး ထည့်ဖို့ ကုန်စုံဆိုင်ကိုသွား၊ ဖော့ဘူးဝယ်။ ဇွန်မရလို့ နောက်တစ်ဆိုင်မှာ ရှာဝယ်။ ၀န်ထမ်းတွေ စေတနာ ပေါက်ပြီး လာရောက်လှူဒါန်းတဲ့ ၀တ္ထုငွေနဲ့ လှူဖွယ်ပစ္စည်းတွေကို စာရင်းနဲ့ အသေအချာမှတ်။ ပရိတ်အိုးဝယ် ဖို့ ညနေဈေးကိုသွား၊ အုန်းပွဲငှက်ပျော်ပွဲမေ့နေလို့ တစ်ခြားတစ်ယောက်ကို ခိုင်းလိုက်ရသေးတယ်။ ဒီလိုနဲ့ပဲ ပရိတ်တရားပွဲ ကျင်းပမဲ့ နှစ်ဆန်းတစ်ရက်နေ့ကို ရောက်လာပါရော။ စာအုပ်မှာမှတ်ထားတဲ့အတိုင်း အခမ်းအနား ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ အခင်းအကျင်းတွေကို အငှားဆိုင်မှာသွားငှား၊ သံဃာတော်တွေ ကပ်ဖို့နဲ့ ၀န်ထမ်းတွေတိုက်ဖို့အတွက် အအေးဖူးတွေ ၀ယ်၊ ပရိတ်ရေလုပ်ဖို့ ရေသန့်ဖူးတစ်ကဒ်ပါ ၀ယ်၊ ပရိတ်ပန်းစည်းတွေဝယ်၊ ပြီးတော့ ရေခဲဆိုင်မှာ ရေခဲ အိတ် ၂ အိတ် ၀ယ်ပြီး ရုံးမှာ လာထား။ လိုအပ်တာတွေကို တာဝန်ပေးထားတဲ့ ၀န်ထမ်းအချို့ကို မှာကြား။ ဒန်အိုးအကြီးထဲမှာ ရေခဲထည့်ပြီး အအေးဖူးတွေကို စိမ်ထားဖို့။ အခင်းအကျင်းသေချာလုပ်ဖို့နဲ့ ပရိတ်အိုးတွေနဲ့ လှူဖွယ်ပစ္စည်းတွေကို အသေအချာ ပြန်ပြင်ခိုင်း၊ မေ့နေလိုက် တာ။ ၀န်ထမ်းတွေကိုဖုန်းဆက်အကြောင်းဖို့။ နေ့လည် ၂ နာရီမှာ ပရိတ်တရားနာကြွရောက်ဖို့ ထပ်ပြီးတော့ မှာကြား၊ လူကြီးတွေလဲ ထပ်ပြီးတော့ဖုန်းဆက်၊ ရွှေရင်အေးဆိုင်ကိုသွား၊ အော်ဒါမှာထားတာကို သွားယူ။ ရွှေရင်အေးတွေကို ၀ယ်ထားတဲ့ဖော့ဘူးထဲထည့်ဖို့ အသေအချာမှာထား၊ အားလုံးဆောင်ရွက်ပြီး၊ သံဃာသွား ပင့်၊ တရားနာ။ ဟူးးးးးးးးးးး ဆာင်ရွက်လို့အားလုံးအဆင်ပြေခါနီးမှ ရေစက်ခွက်ကမေ့.. ကတောက် သေချာလုပ်တာတောင်မေ့နေတယ်။ တော်သေးတယ် အဆင်ပြေသလို ပန်းကန်ပြားနဲ့ ဖန်ခွက်လေး စီစဉ်ပေး လိုက်ရတယ်။ တရားပွဲပြီးလို့ သံဃာတော်တွေကိုပြန်ပို့၊ တရားနာတဲ့ဝန်ထမ်းတွေကို ရွှေရင်အေးတိုက်၊ အအေးဗူးတွေဝေ။ အစီအစဉ်အားလုံးပြီးတော့ အခင်းအကျင်းတွေပြန်ပို့၊ အမှိုက်တွေရှင်းခိုင်း။ ကျန်နေတဲ့ အအေးတွေနဲ့ ရွှေရင်အေးတွေကို ၀န်ထမ်းတွေကို ပြန်ဝေ။ ဟူးး တော်တော်လေးလုပ်လိုက်ရတယ်။
ရင်ထဲကစည်းကမ်း
စည်းကမ်း ဆိုတာနဲ့ သိကြမှာပါ။ ရုံးမှာလဲ ရုံးစည်းကမ်း၊ အိမ်မှာလဲ အိမ်စည်းကမ်း၊ ကျောင်းမှာလဲ ကျောင်းစည်းကမ်း ဆိုတာရှိပါတယ်။ ဆေးလိပ်မသောက်ရ တို့၊ ကွမ်းမစားရတို့၊ ဘာမလုပ်ရ၊ ညာမလုပ်ရတို့ အဆောင်မှာနေတဲ့ သူတွေဆိုရင် ပိုပြီးသိကြမှာပါ။ ည ဘယ်အချိန်အဆောင်ပိတ်မယ်တို့၊ ဧည့်တွေ့ချိန်က ဘယ်အချိန်တို့ စသဖြင့်ပေါ့ဗျာ၊ အခုပြောခဲ့တာတွေက ချမှတ်ထားတဲ့စည်းကမ်းတွေပေါ့ဗျာ.. ၊ လူတစ်ချို့က ချမှတ်ထားတဲ့စည်းကမ်းတွေကို ချမှတ်ထားတဲ့နေရာမှာ လိုက်နာကျပေမယ့် အခြားနေရာတွေမှာ ဥပက္ခာ ပြုတတ်ကြတယ်။ အမှိုက်မပစ်ရ ဆိုတဲ့ နေရာမှာ အမှိုက်မပစ်ကြဘူး ဒါပေမယ့် တခြားနေရာတွေမှာ ထင်သလို စွန့်ပစ်တတ်ကြတယ်။
ဒါကလဲ တစ်ဦးတစ်ယောက်မဟုတ်လေတော့ အဲဒီစွန့်ပစ်တဲ့နေရာမှာ အမှိုက်တွေကနေ အနံ့ဆိုးတွေထွက်လာတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ ဒုက္ခရောက်တာပေါ့ဗျာ။ ကိုယ်နဲ့မဆိုင်ဘူးလို့တော့ မတွေးစေချင်ပါဘူး။ လူမှုရေးအသိစိတ်ဓာတ်နဲ့ပဲဖြစ်ဖြစ်၊ စည်းကမ်းလိုက်နာတဲ့ အသိလေးနဲ့ပဲဖြစ်ဖြစ် အမှိုက်ကို မဆင်မခြင် မပစ်စေချင်ပါဘူး။ နှစ်ဆန်းတစ်ရက်နေ့က ရွှေတိဂုံဘုရားမှာ ကောင်းမှုကုသိုလ် ယူတဲ့သူတွေအများကြီးပဲ။ အအေးတိုက်တဲ့သူတွေ၊ စတုဒိသာကျွေးတဲ့သူတွေလဲ အများကြီးပါပဲ။ ဘုရား ရင်ပြင်တော် တက်မဲ့ လျှောက်လမ်းတစ်လျှောက်မှာ သောက်ပြီးသား ပလပ်စတစ်ခွက်တွေ စွန့်ပစ်ထားတာလဲ တွေ့ရပါတယ်။ အမှိုက်များကို အမှိုက်တောင်းတဲ့စွန့်ပစ်ကြပါလို့ ကုသိုလ်ယူတဲ့သူတွေက အော်ပြောကြပေမဲ့လဲ မရပါဘူး။ အအေးတွေကို သောက်ချင်သလိုသောက်ပြီး သောက်ပြီးသားခွက်တွေကို စွန့်ပစ်ချင်တဲ့နေရာ စွန့်ပစ်ကြတာကတော့ ရင်ပြင်တော်လျှောက်လမ်းမှာ ညစ်ပတ်ကုန်တာပေါ့။ အမှိုက်မပစ်ရလို့ စာကပ်မထား ပါဘူး၊ ဒါပေမယ့်လဲ အမှိုက်မပစ်ရလို့ စာကပ်မထားတိုင်း အမှိုက်ပစ်ရမဲ့နေရာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းထဲ ၀င်ရင် ဘာကြောင့် ဖိနပ်ချွတ်တာပါလဲ၊ ကျောင်းထဲမှာ ဖိနပ်မစီးရလို့ စာကပ်မထားပါဘူး။ ဘာကြောင့်လဲဆိုတော့ လွယ်လွယ်ပြောရရင် ကျွန်တော်တို့ မိဘတွေငယ်ငယ်က ပြောခဲ့သလို ငရဲကြီး လိမ့်မယ်ဆိုတဲ့ စကားကို ကြောက်လို့ ဖိနပ်ချွတ်တာပါ(ကျွန်တော့်အမြင်)။ အသက်တွေ ကြီးလာတော့ ငရဲကြီးတာမကြီးတာတွေ မသိတော့ဘူး၊ ဘုန်းကြီးကျောင်းထဲဝင် ရင် ဖိနပ်ချွတ်တာ အကျင့်ဖြစ်သွားတာပေါ့ဗျာ။ ဘာလဲဆိုတော့ ကိုယ့်ရင်ထဲမှာ စည်းကမ်းလေးတစ်ခုသတ်မှတ် ပြီးသားဖြစ်သွားလို့ပါ။ အဲဒီလိုပါပဲ ကျွန်တော် တို့ အားလုံးရဲ့ ရင်ထဲမှာ စည်းကမ်းလေး ရှိခဲ့ကြရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ နော်……
Sunday, April 13, 2014
ဆုတောင်းလွှာ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အချိန်အခါမှာ ခုနှစ်ရက်သားသမီးအပေါင်း စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာ ဖြင့် ဘ၀လမ်းခရီးကို အဆင်ပြေပြေ ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ကြ ပါစေ လို့ ဆုမွှန်ကောင်း ပါးလိုက်ပါတယ်။နှစ်သစ်မှာ စိတ်သစ် နဲ့ အားလုံးအဆင်ပြေကြပါစေ။
Wednesday, February 26, 2014
Tuesday, January 28, 2014
ဒီဆိုက်နဲ့ ပက်သက်လို့...
ဒီ ဆိုဒ်လေးကို မရေးတော့ဘူးရယ်လို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပေမယ့်. အင်တာနက် သုံးတိုင်း ပြန်ပြန် ပြီးတော့ ဖွင့်ကြည့်မိပြီး နှမျှော နေမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစကနေ အဆုံးအထိ အားလုံး ပြီးပြည့်စုံတယ်လို့ ထင်ရအောင် တစ်ယောက်တည်း စိတ်ကြိုက် လုပ်လာခဲ့လို့ပါ။ ဒါကြောင့် ဒီဆိုဒ်ကို ဘာလုပ်ရင် ကောင်းမလဲ လို့ တစ်ခါတစ်လေ စဉ်းစားကြည့်မိတယ်။ တစ်ချို့တစ်ချို့တွေကတော့ ပြန်ရေးပါ လို့ တိုက်တွန်းပါတယ်။ ပြန်ရေးမယ်လို့လဲ စိတ်ကူးထားပါတယ်။ ဘာပဲပြောပြောပါ။ နောက်ဆုံး ဘယ်သူမှ ဖွင့်မကြည့်တောင်မှ ကိုယ်ရဲ့ မှတ်ကျောက်တစ်ခု၊ သမိုင်းတစ်ခု အနေနဲ့ ကျန်ခဲ့မယ် ဆိုတာ တော့ သေချာပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဒီဆိုဒ်လေးကို လိုအပ်တာတွေ ပြန်ပြင်ပြီးတော့ရေးမယ်လို့ စိတ်ဆုံးဖြတ်ချက် ချလိုက်ပါတယ်ဗျား..။။။
Tuesday, October 1, 2013
ဒီလမ်းလေးပေါ့.
ဒီလမ်းလေးပေါ့
ကျွန်မရဲ့ချက်မြှုပ် အိမ်ခပ်နုပ်နုပ်လေးရှိတာ။
ဒီလမ်းလေးပေါ့
လမ်းလျှောက်ပျိုးတဲ့ကျွန်မကို သူပဲကျောပိုးပေးခဲ့တာ။
ဒီလမ်းလေးပေါ့
ကျွန်မအတွက် ဒုတိယအိမ်ဖြစ်ခဲ့တာ။
ဒီလမ်းလေးပေါ့
ငယ်ဘဝနွေကျောင်းပိတ်ရက်တွေကို တစ်သက်မမေ့စေခဲ့တာ။
ဒီလမ်းလေးပေါ့
ညဥ့်နက်နေလည်း လူမပြတ်တာ။
ဒီလမ်းလေးပေါ့
မိုးရွာရင်ရေမြုပ် နွေအခါဆိုဖုန်တွေထုတ်ထုတ်ပေးခဲ့တာ။
ဒီလမ်းလေးပေါ့
ဆောင်းမနက်ခင်းတွေတိုင်း အိမ်တချို့ရှေ့မှာမီးဖိုလေးတွေနဲ့နွေးခဲ့တာ။
ဒီလမ်းလေးပေါ့
လသာညတွေကို အရသာအပြည့်ပေးခဲ့တာ။
ကျွန်မရဲ့ချက်မြှုပ် အိမ်ခပ်နုပ်နုပ်လေးရှိတာ။
ဒီလမ်းလေးပေါ့
လမ်းလျှောက်ပျိုးတဲ့ကျွန်မကို သူပဲကျောပိုးပေးခဲ့တာ။
ဒီလမ်းလေးပေါ့
ကျွန်မအတွက် ဒုတိယအိမ်ဖြစ်ခဲ့တာ။
ဒီလမ်းလေးပေါ့
ငယ်ဘဝနွေကျောင်းပိတ်ရက်တွေကို တစ်သက်မမေ့စေခဲ့တာ။
ဒီလမ်းလေးပေါ့
ညဥ့်နက်နေလည်း လူမပြတ်တာ။
ဒီလမ်းလေးပေါ့
မိုးရွာရင်ရေမြုပ် နွေအခါဆိုဖုန်တွေထုတ်ထုတ်ပေးခဲ့တာ။
ဒီလမ်းလေးပေါ့
ဆောင်းမနက်ခင်းတွေတိုင်း အိမ်တချို့ရှေ့မှာမီးဖိုလေးတွေနဲ့နွေးခဲ့တာ။
ဒီလမ်းလေးပေါ့
လသာညတွေကို အရသာအပြည့်ပေးခဲ့တာ။
ဒီလမ်းလေးပေါ့
ဝါတွင်းအပတ်စဉ်အရုဏ်ဦးမှာ ဘွန္တောအော်သံညံစီခဲ့တာ။
ဒီလမ်းလေးပေါ့
ညဘက်မှလွမ်းအားတဲ့ ခုံတန်းလျားတီးဝိုင်းတွေရှိတာ။
ဒီလမ်းလေးပေါ့
သန်းခေါင်သန်းလွဲ ရန်ပွဲတွေထထနွှဲကြတာ။
ဒီလမ်းလေးပေါ့
ရန်ဖြစ်လည်းပြန်ချစ်ကြတဲ့ အိမ်နီးချင်းကောင်းတွေရှိတာ။
ဒီလမ်းလေးပေါ့
အပြင်ခဏတဖြုတ်သွား တံခါးသော့အဟုတ်ခတ်စရာမလိုတာ။
ဒီလမ်းလေးပေါ့
ကလေးကလေးချင်း ထိန်းကျောင်းလာခဲ့ကြတာ။
ဒီလမ်းလေးပေါ့
သာရေးနာရေး လက်မနှေးတာ။
ဒီလမ်းပေါ်မှာ
ပျော်ရွှင်ခုန်ပေါက်ကစားဖူးသလို
အလိုမကျလို့ ဆောင့်အောင့်လည်းနင်းခဲ့ဖူးတယ်။
ဒီလမ်းပေါ်မှာ
မျက်ရည်ကျဖူးသလို
အရယ်တွေလည်း ဝေမျှခဲ့ဖူးတယ်။
ဘယ်နေရာကိုပဲသွားသွား ဒီလမ်းလေးထဲ
ပြန်ပြီးခြေချမိပြီဆိုတာနဲ့ လုံခြုံစိတ်ချသွားမိတာ အမြဲတမ်းပဲ။
ကံကောင်းချင်တော့ အခုချိန်ထိ 26နှစ်လုံးလုံး ဒီလမ်းလေးကိုခြေချခွင့်ရနေဆဲမို့
တစ်ယောက်တည်းတွေးရင်း အကျေနပ်ကြီးကျေနပ်မိနေတော့တယ်။
လဲ့သဉ္ဇာ
ဝါတွင်းအပတ်စဉ်အရုဏ်ဦးမှာ ဘွန္တောအော်သံညံစီခဲ့တာ။
ဒီလမ်းလေးပေါ့
ညဘက်မှလွမ်းအားတဲ့ ခုံတန်းလျားတီးဝိုင်းတွေရှိတာ။
ဒီလမ်းလေးပေါ့
သန်းခေါင်သန်းလွဲ ရန်ပွဲတွေထထနွှဲကြတာ။
ဒီလမ်းလေးပေါ့
ရန်ဖြစ်လည်းပြန်ချစ်ကြတဲ့ အိမ်နီးချင်းကောင်းတွေရှိတာ။
ဒီလမ်းလေးပေါ့
အပြင်ခဏတဖြုတ်သွား တံခါးသော့အဟုတ်ခတ်စရာမလိုတာ။
ဒီလမ်းလေးပေါ့
ကလေးကလေးချင်း ထိန်းကျောင်းလာခဲ့ကြတာ။
ဒီလမ်းလေးပေါ့
သာရေးနာရေး လက်မနှေးတာ။
ဒီလမ်းပေါ်မှာ
ပျော်ရွှင်ခုန်ပေါက်ကစားဖူးသလို
အလိုမကျလို့ ဆောင့်အောင့်လည်းနင်းခဲ့ဖူးတယ်။
ဒီလမ်းပေါ်မှာ
မျက်ရည်ကျဖူးသလို
အရယ်တွေလည်း ဝေမျှခဲ့ဖူးတယ်။
ဘယ်နေရာကိုပဲသွားသွား ဒီလမ်းလေးထဲ
ပြန်ပြီးခြေချမိပြီဆိုတာနဲ့ လုံခြုံစိတ်ချသွားမိတာ အမြဲတမ်းပဲ။
ကံကောင်းချင်တော့ အခုချိန်ထိ 26နှစ်လုံးလုံး ဒီလမ်းလေးကိုခြေချခွင့်ရနေဆဲမို့
တစ်ယောက်တည်းတွေးရင်း အကျေနပ်ကြီးကျေနပ်မိနေတော့တယ်။
လဲ့သဉ္ဇာ
Subscribe to:
Posts (Atom)



