တစ်နေ့လာလည်း ဒီအလုပ်.... တစ်နေ့လာလည်းဒီအလုပ်.စိတ်ရှုတ်စရာကောင်းလိုက်တာ.. ဒီရုံးမှာ. ဒီလူတွေနဲ့.. ဒီအကြောင်းအရာ တွေကိုပဲ ထပ်ခါတလဲလဲ ပြောရင်း.. ကွန်ပျုတာ ကြီးကို ချစ်သူ့မျက်နှာထက် အချိန်ပိုကြာအောင် ကြည့်နေရတာ.. တော်တော်လေးကို ပျင်းဖို့ကောင်းတယ်... ။ ကိုယ့်အတွက် ရစရာပညာတွေလဲ ရသင့်သလောက် ရပြီ၊ လုပ်စရာတွေလဲ ကောင်းကောင်းကြီးလုပ်ခဲ့ပြီးပြီ.။ သင်ပေးသင့်၊ သင်ပေးထိုက်တဲ့အရာတွေလဲ သင်ပေးခဲ့ပြီးပြီ..။ လူတွေရဲ့အကြောင်းကိုလဲ အများကြီးသိခဲ့ပြီးပြီ။ တစ်ချို့က လိုရင်တစ်မျိုး ။ မလိုရင်တစ်မျိုး၊ တစ်ချို့ကြတော့လဲ လိုလိုမလိုလို၊ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ ကောင်းတဲ့လူတွေလဲ ကောင်းပါတယ်။ အောက်ခြေက လူတန်းစားတွေနဲ့လဲ ခင်ခဲ့မင်ခဲ့တယ်။ အထက်အပိုင်းက လူတွေနဲ့လဲ ပြောဆို ခဲ့ဘူးတယ်။ ဘယ်လိုပဲပြောပြော အားလုံးကတော့ လူတွေပါပဲ။ ကောင်းတဲ့လူလဲရှိသလို.. ဆိုးတဲ့လူလဲ ရှိတယ်။။ အထက်လူကြီးတိုင်း စိတ်ဓာတ်မမြင့်သလို အောက်ခြေလူတိုင်းလဲ စိတ်ဓာတ်တွေ အောက်တန်းမကျကျပါဘူး။ အဲဒီလို အလုပ်တစ်ခုရဖို့အတွက် ပညာတွေသင်ခဲ့ရတယ်။ အလုပ်တစ်ခုရပြီးတော့လဲ လစာ ကောင်းဖို့အတွက် ထပ်ပြီးပညာတွေသင်ခဲ့ရပြန်တယ်။ တစ်ခါတစ်လေ စဉ်းစားမိတာတယ်။ သင်ခဲ့ရတဲ့ပညာတွေနဲ့ ရတဲ့လစာတွေကို ချိန်ခွင်တစ်ခုမှာချိန်ကြည့်ရင် ဘယ်ဟာပိုအလေးသာမလဲပေါ့။ တစ်ချို့တစ်ချို့လူတွေအတွက်တော့မဟုတ်ဘူးပေါ့ဗျာ.။
