Friday, July 13, 2012

ကောသလမင်း အိပ်မက် (၁၆) ချက်


၁။ နွားနောက်တို့သည် မင်းယင်ပြင်သို့ လာရောက်၍ ဝှေ့ကြမည်ဟုမာန်ဝင်ပြီး မဝှေ့ဘဲရှောင်ရှားသွားကြသည်။ " နောင်အခါ တရားမစောင့်သော သူတို့လက်ထက်၌ မိုးသည်ရွာမလိုလိုနှင့် လွင့်ပျောက်သွားလိမ့်မည်။ "

၂။ သစ်ပင်တို့သည် ငယ်စဉ်မှာပင် ဖူးကြ၊ သီးကြ ၊ပွင့်ကြသည်။ " သက်တန်းတိုသောကာလ၌ လူတို့သည် ရာဂလွန်ကဲခြင်းကြောင့် ငယ်စဉ်ကပင် အိမ်ထောင်သားမွေးပြု၍ နေထိုင်ကြလိမ့်မည်။ "

၃။ နွားမကြီးက နွားငယ်နို့ကိုစို့သည်။ " နောင်အခါ ကြီးသောသူတို့ကို အရိုအသေနည်းလာကြမည်ဖြစ်၍ အမိ၊အဖတို့သည် သားသမီးတို့ထံ စားသောက်ရန်အတွက် ခယတောင်းခံယူုရမည်။ "

၎။ ထမင်းအိုးတစ်လုံးထဲတွင် ထမင်းပျော့ခြင်း၊ မနပ်ခြင်း၊ ကောင်းစွာကျက်ခြင်းသုံးမျိုးဖြစ်လာသည်။ " နောင်အခါ လူတို့သည် တရားမစောင့်၍ မိုးများလွန်း၊ မိုးနည်းလွန်း၊ မိုးသင့်ရုံဟူ၍သုံးမျိုးရွာလိမ့်မည်။ "

၅။ ဗူးတောင်းတို့သည် ရေ၌နစ်သည်။ " တရားမစောင့်သော သူတို့လက်ထက်၌ သူတော်ကောင်းတို့၏ စကားကိုပယ်၍ သူယုတ်မာတို့၏ စကားကိုလက်ခံကြလိမ်မည်။ "

၆။ ခွန်အားကြီးသောနွားကြီးတို့ကိုမခိုင်းဘဲ နွားငယ်တို့ကို လှည်း၌ဝန်များစွာတင်၍ခိုင်းသည်။ " နောင်အခါ အရွယ်ကြီးသော ပညာရှိတို့ကို ဘေးဖယ်ထားပြီး ငယ်သောသူတို့ကို တရားဆုံးဖြတ်စေခြင်းဖြင့် လူတို့ဆုတ်ယုတ်လာလိမ့်မည်။ "

၇။ သူယုတ်မာတို့နေထိုင်သောရွာမှ ကျက်စားသောကျီးကို ရွှေဟသာင်္တို့ကခြံရံနေကြသည်။ " နောင်အခါ အမျိုးမြတ်သောသူတို့သည် ဆင်းရဲကုန်ကြသည်ဖြစ်၍ အသက်မွေးခြင်းငှာ အမျိုးယုတ်သော သူတို့ထံမှာ အောက်ကျို့ခယမှီခိုကြရလိမ့်မည်။ "

၈။ ဦးခေါင်းနှစ်လုံးပါရှိသော မြင်းသည် နှစ်ဖက်သောအစာကိုစားသည်။ " နောင်မခါ တရားမစောင့်ကာလတွင် လူတို့သည်တရားစီရင်ခြင်းကို နှစ်ဖက်သောသူတို့ထံမှ လာဘ်စား၍ဆုံးဖြတ်လိမ်မည်။ "

၉။ အနားကြည်၍ အလယ်နောက်သော ရေကန်ကြီး၏ကမ်းခြေမှာ ကျေးငှက်သတ္တဝါများနေထိုင်ကြသည်။ " နောင်အခါ လူတို့မှာ ခန္တီ၊ မေတ္တာ၊ ကရုဏာတရားများမရှိကြ၍ အခွန်အကောက်နှိပ်စက်လွန်းသောကြောင့်မြို့နေလူတို့သည် မြို့စွန်ရွာနားသို့ပြောင်းရွှေ့နေထိုင်ကြရမည်။ "

၁ဝ။ ကျောက်ဖျာကြီးသည် လှေကဲ့သို့ရေ၌ပေါ်သည်။ " နောင်အခါ ဆုတ်ယုတ်ကုန်သောကာလ၌ လူတို့သည် သီလနှင့်ပြည့်စုံသောရဟန်းသံဃာ သူတော်ကောင်းတို့၏ စကားကို နားမထောင်ဘဲရှောင်ခွါသွားကြလိမ့်မည်။ "

၁၁။ ဖားမငယ်သည် မြွေကြီးအားကိုက်ဖြတ်စားသောက်ဝါးမြိုသည်။ " နောင်အခါ ဆုတ်ယုတ်သောကာလဝယ် ရာဂလွန်ကဲ ကိလေသာအလိုလိုက်မိ၍ လင်ယောင်္ကျားတို့သည် ငယ်ရွယ်သောဇနီးမယားတို့ကို အလိုလိုက်ကြမည်။ ကျေးကျွန်ကဲ့သို့ သူတို့၏ ဆဲရေးပြောဆိုခြင်း ရန်ထောင်ခြင်းကိုလည်း ခံကြရမည်။ "

၁၂။ အရပ်လေးမျက်နှာမှ ရေသယ်လာသည့် လူအပေါင်းတို့သည် ရေမရှိသော အိုးငယ်တို့ကိုမဖြည့်ဘဲ ရေအပြည့်ရှိသောအိုးကြီးကိုသာ ရေများလောင်းထည့်ကြသည်။ " နောင်အခါ ဆုတ်ယုတ်သောကာလတွင် ဇနပုဒ်မှလူတို့သည် မိမိတို့၏ အကျိုးစီးပွါးကိုစွန့်၍ မင်း၏အကျိုးစီးပွါးကိုသာရွက်ဆောင်ကြရမည်ဟု ဘုရားရှင်ဟောကြားတော်မူလေသည်။ "

၁၃။ ဆာလောင်မွတ်သိပ်သော မြေခွေးမသည် ကြိုးကျစ်သော ယောင်္ကျား၏ ကြိုးကိုခိုးစားသည်။ " နောင်အခါ မိန်းမတို့သည် အသောက်အစား အပျော်အပါးများလာမည်။ လင်ယောင်္ကျားရှာဖွေအပ်သောဥစ္စာတို့ကို တခြားသောယောင်္ကျားနှင့်သုံးဖြုန်းကာ ကာမဂုဏ်အာရုံအလိုလိုက်မှားကြ၍ ဆင်းရဲစွာနေကြရမည်။ "

၁၄။ မြေခွေးထီးသည် လူအပေါင်းတို့က ကျင်ငယ်စွန့်ရန်ပေးထားသော အဖိုးတသိန်းထိုက်သည့် ရွှေခွက်မှာ ကျင်ငယ်စွန့်နေသည်။ " နောင်အခါ အမျိုးမြတ်သောသူတို့သည် ဆင်းရဲကြမည်။ အသက်မွေးမြူလွယ်ကူရန်အလို့ငှါ အမျိုးယုတ်သောသူတို့အား သမီးရတနာကိုလက်ထပ်ထိမ်းမြှားပေးအပ်ပြီး မှီခိုနေထိုင်ကြလိမ်မည်။ "

၁၅။ ဆိတ်တို့သည် သစ်တို့ကိုဖမ်းယူကိုက်ဖြတ်စားသောက်ကြသည်။ " နောင်အခါ တရားမစောင့်သောကာလမှာ သူယုတ်မာတို့သည် သူတော်ကောင်းတို့ကို ဖမ်းဆီးချုပ်နှောင်နှိပ်စက်ပြီး လယ်၊ယာ၊မြေ၊ ပစ္စည်းဥစ္စာတို့ကို လယူသိမ်းပိုက်ကြလိမ့်မည်။ "

၁၆။ အဖိုးတစ်သိန်းထိုက်သော စန္ဒကူးနှစ်ကို ရက်တက်ပုတ်ရည်ဖြင့်လဲ၍ ရောင်းစားသည်။ " နောင်အခါ သာသနာတော် ဆုတ်ယုတ်သောကာလမှာ အရှက်ကင်းမဲ့ သီလပျက်သူတို့သည် ဘုရားရှင်၏ နိမ္ဗာန်ရောက်ကြောင်း တရားတော်မြတ်ကို အသပြာရလိုမှုရှေ့ရူ၍ လူတို့အကြိုက်လိုက်ပြီးဟောကြားအလှူခံကြလိမ်မည့်။ "

ဆံကေသာအတွက်အသုံးဝင်သောအစားအစာများ

၁။ ဒိန်ချဉ် 
 
ဒိန်ချဉ်တွင် ကြွယ်ဝသောဗီတာမင်များမှာ ပရိုတင်း၊ ကယ်စီယမ်၊ Vitamin B ၊ Mineral သတ္တုများ၊ ထိုအရာများမှ ဆံပင်သားအတွက် လိုအပ်သော ရေဓါတ်၊ စိုစွတ်မှုနှင့် သန်စွမ်းခိုင်ခံ့မှုတို့ကို အားဖြည့်စေပါသည်။ ဘတ်တီးရီးများအားကြောင့်ဖြစ်သော ဆံသားမှိုစွဲကပ်ခြင်း (သို့) ဗောက်ထခြင်း၊ ဆံပင်သားကျွတ်လွယ်ခြင်းတို့ကိုလဲ ကာကွယ်စေနိုင်ပါသည်။ ထို့ကြောင့် ဒိန်ချဉ် (flavor) နှစ်သက်ရာ တမျိုးမျိုးအား live food (အပျင်းပြေစားခြင်းမှ) ခန္ဓာကိုယ်အတွက်လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း တမျိုးပင်ဖြစ်ပါသည်။

၂။ Salmon (ဆော်မွန်ငါး)
 
Salmon ငါးကြောင့်ရရှိနိုင်သော ဗီတာမင်များမှာZinc ဟုခေါ်သောသံဓါတ်၊ Omega 3 (Essential Fatty Acid) တို့ဖြစ်ပြီး ၄င်းတို့မှ ခန္ဓာကိုယ်အတွက် လှပသောအသားအရေနှင့် သန်မာစေသော ဆံသားများအား ရရှိစေနိုင်ပါသည်။ Omega 3 ဟုခေါ်သော ခန္ဓာကိုယ်မှထွက်သော အက်ဆစ်တမျိုးမှ ဆံပင်များရှင်သန်ခြင်းနှင့် ဆံပင်များကျွတ်ခြင်းမှကာကွယ်ပါသည်။ နောက်ထပ်ရနိုင်သော ဗီတာမင်မှာ Vitamin B3 အမျိုးအစား ဖြစ်သော Niacin ပဲဖြစ်ပြီး ဆံပင်ပါရှိသော ဦးရေပြားကို အားဖြည့်ပေးပါတယ်။ ဆော်မွန်ငါးရဲ့နောက်ထပ် အားဖြည့်ခြင်းတစ်ခုက အမဲသားကဲ့သို့ ဗီတာမင်အပြည့်အ၀ရှိစေသဖြင့် အမဲသားမစားသော မမလေးများအတွက် အသားအရေ စိုပြေခြင်းကို ဆော်မွန်ငါးမှရရှိစေနိုင်မှာဖြစ်ပါတယ်။

၃။ကြက်ဥ၏ အနှစ်
 
ကြက်ဥအနှစ်ကတော့ ဗီတာမင် Vitamin B7 အုပ်စုဖြစ်တဲ့ Biotin ၊ Vitamin B5 အုပ်စုဖြစ်တဲ့ Pentatonic Acid ၊ Vitamin B6 အုပ်စုဝင် Pyridoxine ၊ Vitamin B12 အုပ်စုဝင် Cobalamin နှင့် ဗီတာမင် Vitamin A တို့ပါဝင်ပါတယ်။ ဆံပင်များအား ကြက်ဥနှစ်ဖြင့်ပေါင်းတင်ပါက မည်းနက်သန်စွမ်းစေပြီး ပျော့ပျောင်းစေတယ် လို့ရေးသားကြပါတယ်။ ထို့ကြောင့် အချိန်ကုန်ခံ ပေါင်းတင်မနေတော့ပဲ ကြက်ဥအနှစ်ကို ခပ်များများသာ စားလိုက်ကြစို့နော်။ ထို့ပြင်ကျိုးပဲ့ပျက်စီးခြင်း ဆံသားနှစ်ခွဖြစ်ခြင်းမှလဲကာကွယ်ပေးပါတယ်။

၎။Almond (သစ်စေ့တစ်ခုမှရသောအစေ့)
 
ဗီတာမင် Vitamin A ၊ Vitamin E ၊ Vitamin B1, B2, B6 ကြွယ်ဝသော Almond သစ်စေ့သီးများဟာ စိမ့်သက်သက်အရသာရှိပြီး ဆံပင်သားများကိုလဲခိုင်မာစေပါတယ်။ ထို့ကြောင့် တီဗွီကြည့်ရင်းစားစား၊ ကျောင်းသွားရင်းပဲစားစား live food တစ်ခုအနေနဲ့ရွေးချယ်စေလိုကြောင်း။

၅။ Carrot (မုန်လာဥနီ)
 
မုန်လာဥနီမှာ Vitamin A အကြွယ်ဝဆုံးဖြစ်ပြီး ဦးရေပြားနှင့် ဆံသားတောက်ပမှုအတွက် အဓိကအထောက်အပံ့တစ်ခုဖြစ်ပါတယ်။

၆။ Spinach (ဟင်းနုနွယ်ရွက်) 
 
Vitamin C , Iron နှင့် Folic Acid ကြွယ်ဝသော ဟင်းနုနွယ်ရွက်မှ ဆံပင်များပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသစ်ပြန်လည် မွေးဖွားခြင်းကိုလဲပြုလုပ် လုပ်ဆောင်ပါတယ်။ ထို့ကြောင့် သက်သက်လွတ်စားမယ်ဆိုရင်တော့ ဟင်းနုနွယ်ရွက်ကိုပဲအကြံပေးပါရစေ။ ဒါမှ ထိပ်ပြောင်သူများနဲ့ ဆံပင်ခပ်ထူထူလေးများလိုအပ်သော မမများအတွက် အကျိုးလဲရ သက်လဲသာတဲ့ ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ၀ယ်ယူစားသုံးကြပါစို့လို့ ။

သံပုရာသီး အသုံးဝင်ပုံ


*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။


*နှုတ်ခမ်းကွဲခြင်း*


မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။


*ဆံပင်ကျွတ်ခြင်း*


အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။


*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*


ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။

တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*


ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။

ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။


*တံတောင်ဆစ်မည်းခြင်းအတွက်*


သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ

တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*


သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*


သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။
တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*


ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကို
လည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။ 

၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊
၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။
၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။
၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။
၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။
၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။
၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။
၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။
၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။
၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။
၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။
၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။
၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။
၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။
( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )
စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊

ပိန်နေသူများ ၀စေသည်

ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည်

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ။

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...


ဖေါ်စပ်နည်း


သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...
အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း


ညအိပ်ယာဝင်ခါနီးတိုင်း...
ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်။


knowledge and sharing blog မှ ကူးယူဖော်ပြပါသည်။ 
 


Thursday, July 12, 2012

အသက် ၁၈ လနှင့် မဂ္ဂဇင်းဖတ်နိုင်သော စင်္ကာပူကလေးငယ်



အသက် ၁၈ လနှင့် မဂ္ဂဇင်းဖတ်နိုင်သော စင်္ကာပူကလေးငယ် အိုင်ကျူ ၁၄၀ ရှိ အကြောင်းအရာက စင်္ကာပူ, သတင်း, ပြည်ပသတင်း စင်္ကာပူမှ Kyler Lim အမည်ရ ကလေးငယ်တစ်ဦးဖြစ်သူသည် အသက် ၁၈ လကတည်းက မဂ္ဂဇင်းများကို ဖတ်ရှုနိုင်ပြီး အိုင်ကျူ အဆင့် ၁၄၀ ရှိကြောင်းသိရသည်။ 

ယခု Kyler သည် အသက် ၄ နှစ်ရှိပြီ ဖြစ်ပြီး ကျောင်းပညာရေး ပြဌာန်း စာအုပ် များကို ဖတ်ရှုလေ့လာနေမှတ်သားနေပြီ ဖြစ်ကြောင်း သိရသည်။ 

အသက် ၁၈လ သာရှိခဲ့စဉ်ကသူသည် မဂ္ဂဇင်းကို အသံကျယ်လောင်စွာနှင့် ဖတ်ခဲ့ရာမိဘများ အံ့သြ၍ ဥာဏ်ရည် အဆင့် လေ့လာရေးသုတေသီသို့ သွားရောက်စစ်ဆေးခဲ့ရာ အိုင်ကျူအဆင့် ၁၄၀ ရှိသည်ကို တွေ့ရှိခဲ့သည်။ သာမန်စင်္ကာပူလူမျိုး တစ်ဦး၏ အိုင်ကျူအဆင့်သည် ၁၀၃ သာရှိသဖြင့် ကလေးငယ်ကို ဥာဏ်ကြီးရှင်ဟု သတ်မှတ်ခဲ့သည်။ 

 အင်္ဂလိပ်စကားလုံး ဝေါဟာရများကို သီးသန့်သင်ကြားပေးစရာမလိုပဲ သူ့အလိုလို တတ်မြောက် လျက်ရှိသည်ကိုလည်း တွေ့ရသည်။ 

ထို့အပြင် စာကိုလည်း ဘယ်ရော၊ညာပါ လက်နှစ်ဖက်လုံး နှင့် ကျွမ်းကျွမ်းကျင် ကျင် ရေးတတ်သည်ကို လက်တွေ့ပြခဲ့သည်။ ယခုအခါ Kyler Lim သည် စင်္ကာပူဥာဏ်ရည်မြင့်သူများအဖွဲ့ (Mensa Singapore) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး ဗဟုသုတ စွယ်စုံကျမ်းများ၊ အလယ်တန်း သင်ရိုးညွန်းစာပေ၊စာအုပ်များ ဖတ်ရှုလေ့လာမှတ် သား နေပြီ ဖြစ်ကြောင်း သိရသည်။ 

International news for myanmar

မလေးဆီက အဝေးရောက်ကလေးငယ် Blog မှကူးယူဖော်ပြပါသည်။

သွားတိုက်ဆေးနဲ့ဘာလုပ်လို့ရပါသလဲ

သွားတိုက်ဆေးဖြူက သွားဖြုစင်အောင် သွားတိုက်ရုံ အသုံးပြူနိုင်တာမဟုတ်ပါဘူး။ တခြား အသုံးပြုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ www.care2.com က 15 Brilliant Uses of Toothpaste ဆောင်းပါးလေးကို ဖတ်ပြီးသဘောကျတာနဲ့ စာဖတ်သူ အိမ်ရှင်မများ အတွက် ဝေမျှလိုက်ပါတယ်။




Bugs Bite, Sores, Blisters

ပိုးကောင်တွေ ကိုက်ရင်ဖြစ်ပေါ်တဲ့  ယားတာ၊ အဖုအပိန့် ထွက်တာ ကို လျှော့ချ သက်သာစေပါတယ်။ ဖိနပ်ပေါက်လို့ အရည်ကြည်ဖုတည်ရင် တစ်ညလောက် လိမ်းထားလိုက်ရင် မနက်ကျရင် ခြောက်သွားရော။ (ကိုယ်တွေ့)


Sooth a stinging burn




ဟင်းချက်လို့ ဆီပူလောင်တာတို့ အပူကပ်တာတို့ ဖြစ်တဲ့အခါ၊ ဖြစ်ဖြစ်ချင်းမှာ သွားတိုက်ဆေးပွတ်လိုက်ရင် နာကျင်မှုကို သက်သာစေပါတယ်။ ဖူးလောင်းထ၊ အရည်ကြည်တည်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။


Decrease the size of facial blemish




သွားစရာ၊ လာစရာရှိခါမှ ဝက်ခြံကပေါက်၊ ရောင်နေရင် တို့ပြီးညအိပ်ကြည့်ပါ။ မနက်ကျမျက်နှာသစ်လိုက်ရင်၊ ရောင်တာမရှိတော့ပဲ ဝက်ခြံ ညှိုးသွားတာကို မြင်ရပါမယ်။ (ဒါလည်း လုပ်ဖူးတယ်)


Shiny Nails




သွားတိုက်ဆေးဟာ သွားအပေါ်ယံကြွေလွှာကို ဖြူစင်တောက်ပစေသလို လက်သည်းမှာလည်း ထို အာနိသင်တွေရှိပါသေးတယ်။ သန့်ရှင်း၊ ကျန်းမာ တောက်ပြောင်တဲ့ လက်သည်းဖြူဖြူလေးတွေရရှိဖို့ သွားတိုက်ဆေး၊ သွားပွတ်တံကို သုံးပြီး တိုက်ပေးနိုင်ပါတယ်။


Hair Gel


Gel သွားတိုက်ဆေးမှာ၊ hair gel တွေကိုပြုလုပ်ထားတဲ့ ရေမှာပျော်ဝင်နိုင်တဲ့ polymer တွေ ပါရှိပါတယ်။ အကယ်၍ အိမ်မှာ hair gel ပြတ်လပ်နေရင် သွားတိုက်ဆေး ကို အစားထိုးသုံးလို့ရပါတယ်။

Stink Fixer


အသား၊ ငါး၊ ကြက်သွန် ဖြူနီကို ကိုင်ပြီးသွားတဲ့ အခါ လက်ကို အနံ့စွဲနေရင် သွားတိုက်ဆေး နည်းနည်းကို လက်မှာပွတ်ပြီး ဆေးပြီး လက်ကျန်အနံ့တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ 


Remove stains


အဝတ်အစားတွေနဲ့ ကော်ဇောတွေမှာ ထင်တဲ့ အစွန်းတွေကို ချွတ်ပေးပါတယ်။ အစွန်းထင်တဲ့နေရာမှာ သွားတိုက်ဆေးအအုံပြီး brush သုံးပြီး ပွတ်ပေးပါ။ ဒါပေမယ့် whitening toothpaste သုံးရင် မူရင်း အရောင်ကျွတ်တတ်တာ သတိထားရပါမယ်။

Scuff Magic


စီးတာကြာလို့ ညစ်ထပ်ထပ်ဖြစ်နေတဲ့ walking shoes တွေကို အစွန်းချွတ်တဲ့ နည်း အတိုင်းအသုံးပြုနိုင်ပါတယ်။

Crayon on the wall


အိမ်နံရံမှာ ကလေးတွေဆော့ထားလို့ crayon တွေနဲ့ ပေနေရင် အဝတ်ကို ရေစွတ်၊ စင်အောင် ညှစ်၊ သွားတိုက်ဆေး အနည်းငယ် ပွတ်ပြီး ဖျက်နိုင်ပါတယ်။

Sparkly Baubles

ငွေနဲ့လုပ်ထားတဲ့ လက်ဝတ်လက်စားတွေ ဆေးမယ်ဆို သွားတိုက်ဆေးပွတ်ပြီး တစ်ညသိပ်ထားပြီး မနက်ကျရင် အဝတ်နဲ့ ပွတ်ပါ။ စိန်ကို အရောင်ထွက်အောင် သွားတိုက်ဆေး၊ သွားပွတ်တံ၊ ရေနည်းနည်းနဲ့ ဆေးပေးလို့ရပါတယ်။ ပုလဲဆေးဖို့တာ့ အသုံးပြုလို့မရပါဘူး။ 
Skip a beat?
CD ချပ်တွေမှာ အစင်းကြောင်းထင်နေလို့ နားထောင်ရထစ်နေရင် သွားတိုက်ဆေးပါးပါးကို သုတ်ပြီး ဆေးချနိုင်ပါတယ်။ အစင်းကြောင်း နက်တာတွေတော့ မရဘူးပေါ့။

Clean your piano


စန္ဒယားတွေမှာ လူလက်ကထွက်တဲ့ အဆီကပ်ပါများရင် ကြာရင် လက်ကွက်နေရာက ဝါသွားတတ်ပါတယ်။ သွားတိုက်ဆေးနည်းနည်းစီလိုက်တို့၊ အဝတ်စိုနဲ့ တစ်ခါ သုတ်၊ ပြီးရင် အဝတ်ခြောက်နဲ့ တစ်ခါသုတ်ရင် ရှင်းသွားပြီ။

Deodorize Baby Bottles

နို့ဘူးတွေ မှာ နို့ချဉ်နံ့ရတတ်ပါတယ်။ အနံ့ကိုဖျောက်ဖို့ သွားတိုက်ဆေးကို အသုံးပြုနိုင်ပါတယ်။ စင်အောင်ဆေးဖို့တော့ လိုမယ်နော်။
Iron Crust
မီးပူအသုံးပြုတာကြာလို့ရှိရင် မီးပူပြားပေါ်မှာ ညိုညို သံချေးတတ်သလို ဖြစ်တတ်ပါတယ်။ သွားတိုက်ဆေးမှာပါတဲ့ silica က ချေးတက်နေတဲ့ အလွှာကို ဖယ်ပေးပါလိမ့်မယ်။

Defogging

ရေကူးမယ်၊ ရေငုတ်မယ်ဆို တပ်တဲ့မျက်မှန်မှာ ရေခိုးမရိုက်အောင် သွားတိုက်ဆေးနည်းနည်းပွတ် စင်အောင်ဆေးချရင်၊ ရေထဲရောက်ရောက်၊ ပြန်တက်တက် ရေငွေ့မရိုက်ပဲ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။
ဒီဆောင်းပါးလေးကို စာဖတ်သူတွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ တချို့နည်း တွေ မစမ်းရသေးတော့၊ တကယ် အသုံးဝင်မဝင်မသိပါဘူး။
 ဆံပင်နဲ့ ပတ်သက်လို့ tutorial က ဟိုတလောက ဆံပင်ညှပ်တာ ပုံပျက်ပန်းပျက်ဖြစ်နေတာမို့ တင်ဖို့ အခက်အခဲရှိနေလို့ပါ။ :D ကြိုးစားပြီး တင်ပေးပါမယ်နော်။ 

သနပ်ခါးမေ Blog မှ ကူးယူဖော်ပြပါသည်။

သဲနဲ့တူသောအချစ်

သားအမိနှစ်ယောက် ပင်လယ်ကမ်းခြေတစ်နေရာမှာ အတူတူရှိနေကြတယ်။ သမီးဖြစ်သူက လက်ထပ်ခါနီး သတို့သမီးလေးပေါ့။ သမီးက မေမေ့ကို အခုလို မေးလိုက်တယ်။ 

 “မေမေ..သမီးလက်ထပ်ပြီးရင် သမီးချစ်သူရဲ့ ချစ်ခြင်းမေထ္ထာကို သမီးလက်ထဲမှာ အမြဲထာဝရ ပိုင်ဆိုင်နိုင် အောင်၊ သမီးကို သူ ခွဲခွာမသွားနိုင်အောင် ဘယ်လိုပုံစံမျိုးနဲ့ နေသင့်သလဲ..ဟင် ..မေမေ ” 
လို့ မေးလိုက်တယ်။ 

သမီးရဲ့ မေးခွန်းကို ကြားတော့ မေမေက နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်တယ်။ ပြီးတော့ သဲပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး သဲသောင်ခုံပေါ်က သဲမှုန်တွေကို လက်ဝါးတစ်ဖက်နဲ့ ထိုးကော်ယူလိုက်ပြီး လက်ခုပ်ထဲက သဲတွေကို တည်ငြိမ်အောင် သေချာဂရုတစိုက် ကိုင်တွယ်လို့ သမီးဖြစ်သူရဲ့ မျက်နှာရှေ့မှာ ပြလိုက်တယ်။ 

သဲတွေက လက်ခုပ်ထဲမှာ အပြည့်အမောက် လျှံလို့။ သို့သော် တစ်မှုန်သော်မျှ လက်ကြားထဲက ယိုထွက်ကျသွားတာ၊ ဖိတ်စင်ကျသွားတာ မရှိဘူး။ သမီးဖြစ်သူက သူ့မေမေ လုပ်ဆောင်နေတာတွေကို ဇဝေဇ၀ါနဲ့ ကြည့်လို့။ 

 မေမေက နောက်အားနေတဲ့ လက်တစ်ဘက်နဲ့ သဲတွေရှိနေတဲ့ လက်ခုပ်ပေါ်ကနေ ဖိပြီး ဆုတ်ချလိုက်တဲ့အခါ သဲမှုန်တွေက လက်ချောင်းတွေ ကြားကနေ ယိုထွက်ဖိတ်ကျ ကုန်တော့တယ်။ မေမေက သူ့ရဲ့ လက်ခုပ်တစ်ဘက်ကို ဖွင့်ဟပြလိုက်တော့ ဖိထားတဲ့အရှိန်နဲ့ နဂိုလက်ခုပ်ထဲမှာ မောက်နေတဲ့ သဲတွေဟာ လုံးမောက်တဲ့ ပုံပျောက်ပြီး ပြားချပ်ချပ်နဲ့ လှလှပပ မကျန်ရစ်ခဲ့တော့ဘူးပေါ့။ 
သမီးက မေမေ့ လက်ဝါးပြင်ပေါ်မှာ ကျန်ရစ်နေခဲ့တဲ့ သဲပွင့်တွေကို ကြည့်ပြီး မေမေ့ကို မျက်လုံးလေး တလက်လက်နဲ့ လှမ်းကြည့်တယ်။ 

“မေမေ… မေမေဆိုလိုချင်တာ သမီးကို ပြောပြပါဦး” 
“ဒီလို သမီးရဲ့…. အချစ်ဆိုတာ မေမေ့လက်ခုပ်ထဲက သဲပွင့်လေးတွေနဲ့ အလားသဏ္ဍာန် တူတယ်၊ အချစ်ကို တမင် ခိုင်မြဲချင်လွန်းလို့ ဖိနှိပ်ဆုပ်ကိုင်ထားလေလေ ဆုံးရှူံးလွယ်လေလေပဲ၊ မတင်းမကျပ်လွန်းပဲ ဟန်ချက်ညီညီနဲ့ သဘောထားကြီးကြီးနဲ့ သေသေခြာခြာ ယုယုယယ ဆုပ်ကိုင်ထားပါမှ လက်ခုပ်ထဲက သဲတွေလို သဏ္ဍာန်မပျက်ဘဲ ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာ၊ မဟုတ်လို့ကတော့ လက်ကြားထဲက ယိုစီးကျသွားတဲ့ သဲပွင့်လေးတွေလို ပြန်လည်မရရှိနိုင်တော့ပဲ အချစ်ကို တစ်သက်စာ လက်လွှတ် ဆုံးရှုံးရ တတ်တယ်..” 

မေမေ့ စကားအဆုံးမှာတော့ သမီးက မျက်လုံးလေးတွေ တဖျတ်ဖျတ်လက်လို့ ခေါင်းညိမ့်လျှက်က မေမေ့ ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။ တစ်ဘ၀စာ အကောင်းဆုံး ဥပမာကို မေမေဆီက သမီးရလိုက်ပြီလေ။

ဆရာမ မြသွေးနီ ထံမှ ကူးယူဖော်ပြပါသည်။

တြိဂံစစ်ပွဲ

ငါ သွားချင်တာ

တစ်နေရာ ။

ငါ သွားသင့်တာ

တစ်နေရာ

"အသည်း" နှင့် "ဦးနှောက်"

"ခြေထောက်" တို့ ပဋိပက္ခကြီး

အသီးသီး အသက အသက

ပညာပြကြ၏

တြိဂံစစ်ပွဲ

ပွဲသိမ်း ခြေထောက်လက်သီး

မီးထွက်မတတ်သုံးစွဲ

အလဲအကွဲသည်းမည်းစွာ အားထုတ်

ကျွန်ုပ် ............

ဒီတောင်ကို ကျော်နိုင်အံ့မထင် ။ ။