Thursday, July 12, 2012

သွားတိုက်ဆေးနဲ့ဘာလုပ်လို့ရပါသလဲ

သွားတိုက်ဆေးဖြူက သွားဖြုစင်အောင် သွားတိုက်ရုံ အသုံးပြူနိုင်တာမဟုတ်ပါဘူး။ တခြား အသုံးပြုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ www.care2.com က 15 Brilliant Uses of Toothpaste ဆောင်းပါးလေးကို ဖတ်ပြီးသဘောကျတာနဲ့ စာဖတ်သူ အိမ်ရှင်မများ အတွက် ဝေမျှလိုက်ပါတယ်။




Bugs Bite, Sores, Blisters

ပိုးကောင်တွေ ကိုက်ရင်ဖြစ်ပေါ်တဲ့  ယားတာ၊ အဖုအပိန့် ထွက်တာ ကို လျှော့ချ သက်သာစေပါတယ်။ ဖိနပ်ပေါက်လို့ အရည်ကြည်ဖုတည်ရင် တစ်ညလောက် လိမ်းထားလိုက်ရင် မနက်ကျရင် ခြောက်သွားရော။ (ကိုယ်တွေ့)


Sooth a stinging burn




ဟင်းချက်လို့ ဆီပူလောင်တာတို့ အပူကပ်တာတို့ ဖြစ်တဲ့အခါ၊ ဖြစ်ဖြစ်ချင်းမှာ သွားတိုက်ဆေးပွတ်လိုက်ရင် နာကျင်မှုကို သက်သာစေပါတယ်။ ဖူးလောင်းထ၊ အရည်ကြည်တည်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။


Decrease the size of facial blemish




သွားစရာ၊ လာစရာရှိခါမှ ဝက်ခြံကပေါက်၊ ရောင်နေရင် တို့ပြီးညအိပ်ကြည့်ပါ။ မနက်ကျမျက်နှာသစ်လိုက်ရင်၊ ရောင်တာမရှိတော့ပဲ ဝက်ခြံ ညှိုးသွားတာကို မြင်ရပါမယ်။ (ဒါလည်း လုပ်ဖူးတယ်)


Shiny Nails




သွားတိုက်ဆေးဟာ သွားအပေါ်ယံကြွေလွှာကို ဖြူစင်တောက်ပစေသလို လက်သည်းမှာလည်း ထို အာနိသင်တွေရှိပါသေးတယ်။ သန့်ရှင်း၊ ကျန်းမာ တောက်ပြောင်တဲ့ လက်သည်းဖြူဖြူလေးတွေရရှိဖို့ သွားတိုက်ဆေး၊ သွားပွတ်တံကို သုံးပြီး တိုက်ပေးနိုင်ပါတယ်။


Hair Gel


Gel သွားတိုက်ဆေးမှာ၊ hair gel တွေကိုပြုလုပ်ထားတဲ့ ရေမှာပျော်ဝင်နိုင်တဲ့ polymer တွေ ပါရှိပါတယ်။ အကယ်၍ အိမ်မှာ hair gel ပြတ်လပ်နေရင် သွားတိုက်ဆေး ကို အစားထိုးသုံးလို့ရပါတယ်။

Stink Fixer


အသား၊ ငါး၊ ကြက်သွန် ဖြူနီကို ကိုင်ပြီးသွားတဲ့ အခါ လက်ကို အနံ့စွဲနေရင် သွားတိုက်ဆေး နည်းနည်းကို လက်မှာပွတ်ပြီး ဆေးပြီး လက်ကျန်အနံ့တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ 


Remove stains


အဝတ်အစားတွေနဲ့ ကော်ဇောတွေမှာ ထင်တဲ့ အစွန်းတွေကို ချွတ်ပေးပါတယ်။ အစွန်းထင်တဲ့နေရာမှာ သွားတိုက်ဆေးအအုံပြီး brush သုံးပြီး ပွတ်ပေးပါ။ ဒါပေမယ့် whitening toothpaste သုံးရင် မူရင်း အရောင်ကျွတ်တတ်တာ သတိထားရပါမယ်။

Scuff Magic


စီးတာကြာလို့ ညစ်ထပ်ထပ်ဖြစ်နေတဲ့ walking shoes တွေကို အစွန်းချွတ်တဲ့ နည်း အတိုင်းအသုံးပြုနိုင်ပါတယ်။

Crayon on the wall


အိမ်နံရံမှာ ကလေးတွေဆော့ထားလို့ crayon တွေနဲ့ ပေနေရင် အဝတ်ကို ရေစွတ်၊ စင်အောင် ညှစ်၊ သွားတိုက်ဆေး အနည်းငယ် ပွတ်ပြီး ဖျက်နိုင်ပါတယ်။

Sparkly Baubles

ငွေနဲ့လုပ်ထားတဲ့ လက်ဝတ်လက်စားတွေ ဆေးမယ်ဆို သွားတိုက်ဆေးပွတ်ပြီး တစ်ညသိပ်ထားပြီး မနက်ကျရင် အဝတ်နဲ့ ပွတ်ပါ။ စိန်ကို အရောင်ထွက်အောင် သွားတိုက်ဆေး၊ သွားပွတ်တံ၊ ရေနည်းနည်းနဲ့ ဆေးပေးလို့ရပါတယ်။ ပုလဲဆေးဖို့တာ့ အသုံးပြုလို့မရပါဘူး။ 
Skip a beat?
CD ချပ်တွေမှာ အစင်းကြောင်းထင်နေလို့ နားထောင်ရထစ်နေရင် သွားတိုက်ဆေးပါးပါးကို သုတ်ပြီး ဆေးချနိုင်ပါတယ်။ အစင်းကြောင်း နက်တာတွေတော့ မရဘူးပေါ့။

Clean your piano


စန္ဒယားတွေမှာ လူလက်ကထွက်တဲ့ အဆီကပ်ပါများရင် ကြာရင် လက်ကွက်နေရာက ဝါသွားတတ်ပါတယ်။ သွားတိုက်ဆေးနည်းနည်းစီလိုက်တို့၊ အဝတ်စိုနဲ့ တစ်ခါ သုတ်၊ ပြီးရင် အဝတ်ခြောက်နဲ့ တစ်ခါသုတ်ရင် ရှင်းသွားပြီ။

Deodorize Baby Bottles

နို့ဘူးတွေ မှာ နို့ချဉ်နံ့ရတတ်ပါတယ်။ အနံ့ကိုဖျောက်ဖို့ သွားတိုက်ဆေးကို အသုံးပြုနိုင်ပါတယ်။ စင်အောင်ဆေးဖို့တော့ လိုမယ်နော်။
Iron Crust
မီးပူအသုံးပြုတာကြာလို့ရှိရင် မီးပူပြားပေါ်မှာ ညိုညို သံချေးတတ်သလို ဖြစ်တတ်ပါတယ်။ သွားတိုက်ဆေးမှာပါတဲ့ silica က ချေးတက်နေတဲ့ အလွှာကို ဖယ်ပေးပါလိမ့်မယ်။

Defogging

ရေကူးမယ်၊ ရေငုတ်မယ်ဆို တပ်တဲ့မျက်မှန်မှာ ရေခိုးမရိုက်အောင် သွားတိုက်ဆေးနည်းနည်းပွတ် စင်အောင်ဆေးချရင်၊ ရေထဲရောက်ရောက်၊ ပြန်တက်တက် ရေငွေ့မရိုက်ပဲ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။
ဒီဆောင်းပါးလေးကို စာဖတ်သူတွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ တချို့နည်း တွေ မစမ်းရသေးတော့၊ တကယ် အသုံးဝင်မဝင်မသိပါဘူး။
 ဆံပင်နဲ့ ပတ်သက်လို့ tutorial က ဟိုတလောက ဆံပင်ညှပ်တာ ပုံပျက်ပန်းပျက်ဖြစ်နေတာမို့ တင်ဖို့ အခက်အခဲရှိနေလို့ပါ။ :D ကြိုးစားပြီး တင်ပေးပါမယ်နော်။ 

သနပ်ခါးမေ Blog မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment