သင်၏အိမ်ထောင်တွင် မည်သူက သြဇာညောင်းပါသနည်း။ အောက်ပါမေးခွန်းများကို ဇနီးမောင်နှံ ဖြေကြည့်ပါ။
၁။ သင်၏ ဆံပင်ပုံစံကို မည်သူကထားခိုင်းသနည်း။
၂။ မနက်ခင်းတွင် သတင်းစာကို မည်သူက အလျင်ဦးဆုံးဖတ်သနည်း။
၃။ သင်တို့လက်ထပ်စဉ်က အချိန်နှင့်နေရာကို မည်သူက ဆုံးဖြတ်ခဲ့သနည်း။
၎။ ပျားရည်ဆမ်းခရီးက၇ို မည်သူက စီစဉ်သနည်း။ သင်လား။
၅။ သင်မည်သူနှင့် မိတ်ဆွေအပေါင်းအသင်း လုပ်ရမည်ဟု မည်သူက ရွေးချယ်ပေးသနည်း။
၆။ အိမ်ထောင်အတွက် ငွေပေးချေစရာရှိလျင် မည်သူက ပေးသနည်း။
၇။ အိမ်လာလည်ရန် မည်သူ့ဘက်က ဆွေမျိုးကို အဖိတ်ခေါ်များသနည်း။
၈။ မည်သူအား မည်သည့်လက်ဆောင် ပေးရမည်ကို မည်သူက ဆုံးဖြတ်သနည်း။
၉။ ညနေခင်းတွင် ပွဲလမ်းသဘင် ၊ ရုပ်ရှင် ထွက်ကြည့်သောအခါ မည်သည့်ဇာတ်ကား ကြည့်ရမည်ကို မည်သူက ဆုံးဖြတ်သနည်း။
၁၀။ အိမ်ပြင်ဆင်မွမ်းမံမှုကို မည်သူ့စိတ်ကူးအတိုင်းလုပ်သနည်း။
၁၁။ တစ်ယောက်ယောက်အတွက် အထူးသတ်မှတ်ထားသော ထိုင်ခုံရှိပါသလား။ ရှိလျှင် မည်သူ့အတွက်ထားသနည်း။
၁၂။ လွန်ခဲ့သော အားလပ်ရက်က မည်သည့် နေရာဒေသသို့ သွားမည်ကို မည်သူက ဆုံးဖြတ်ခဲ့သနည်း။
၁၃။ သင့်ခင်ပွန်းဝတ်ရန် အင်္ကျီကို မည်သူဝယ်သနည်း။
၁၄။ သင်အလည်အပတ်သွားရန်သင့်မသင့်၊ အကြံပြုချက်တစ်ရပ်ကို သဘောတူရန် သင့်မသင့်ကို မည်သူဆုံးဖြတ်သနည်း။
အဆုံးအဖြတ်
သင်က မွေးခွန်းတစ်ခုမှ ငါးခုထိတွင် “ကျွန်ုပ်” ဟုဖြေလျှင် သင်သည် ရှေ့ဆောင်ရှေ့ရွက်ပြုမှုမရှိ။ သို့ရာတွင် အိမ်ထောင်ဖက်အဖြစ် နှစ်လိုဖွယ်ကောင်းသူ တစ်ဦးဖြစ်သည်။
ငါးခုမှ ရှစ်ခုထိဆိုလျှင် သင့်အကြံပြုချက်သည် အရေးပါ၍ တန်ဖိုးထားခံရသည်။ သင်ကလဲ အိမ်ထောင်ဖက်၏ အကြံပြုချက်ကို အလားတူလက်ခံသူဖြစ်သည်။ သင်တို့အိမ်ထောင်ရေးသည် ငြိမ်းချမ်းသာယာသည်။
ရှစ်ခုမှ တစ်ဆယ့်လေးခုထိဆိုလျှင်ကား အန္တရာယ်စက်ကွင်းတွင် ရှိနေပြီ။ သင်၏အဖြေများတွင် သင်က အကြိမ်ပိုများလေလေ သင်သည် အိမ်ထောင်ဖက်ကို နိုင်လိုမင်းထက် လုပ်တတ်သူဖြစ်ကြောင်း ထင်ရှားလေလေဖြစ်သည်။
မော်ကွန်းတင် 1995
No comments:
Post a Comment