စိမ်းမြအုံဆိုင်းတဲ့သစ်ပင်တွေမရှိဘူး၊ အေးချမ်းတဲ့ရေတံခွန်မရှိဘူး၊ ပြာလဲ့လဲ့ကောင်းကင်မရှိဘူး၊ မြို့ကြီးတစ်ခု မဟုတ်သလို မြို့တစ်မြို့လဲ မဟုတ်သေးတဲ့ မြို့၊ ဖွံ့ဖြိုးမှု တည်ဆောက်နေတဲ့မြို့... အဲဒီမြို့.။
နေပူပူ.လမ်းထူထူ ကတ္တရာလမ်းပေါ်မှာ လူနှစ်ယောက် နှုတ်ဆိတ်ကာလမ်းလျှောက်နေကြတယ်.၊ တစ်ယောက်က အဘွားအို အတွေးအိုတွေနဲ့ အထုပ်တစ်ထုပ်ကိုထမ်းလို့၊ အဘွားအိုနောက် ကလေးငယ် တစ်ယောက် က အသံတိတ်နှုတ်ဆိတ်ပြီး နောက်က လိုက်လာတယ်၊
အဘွားအိုရဲ့အတွေး ၀မ်းရေးပါသလို နေရေးအတွက်ငွေကြေးကို စဉ်းစား ဘယ်အလုပ်ဆီကများ ရနိုင်မလဲဆိုတာပါမယ်၊ အလုပ်များတဲ့ကြားက ကုသိုလ်သီလ အရေးထားလို့ ဘုရားစင်ရှေ့အရောက် တရားအားထုတ်ရဖို့ အတွေးပါချင်ပါမယ်။ အရုဏ်ဆွမ်းလေး လောင်းချင်တာပါချင်ပါမယ်။ ဘုရားကျောင်းတက် ဥပုဒ်သီလ စောင့်ချင်တာပါမယ်။
ကလေးအတွေး ကျောင်းပြေးတဲ့သူငယ်ချင်းတွေ ခေါ်ရာနောက် လိုက်ချင်တာပါချင်ပါမယ်။ ၀တ်ကောင်းစာလှ ၀တ်ချင်တာပါချင်ပါမယ်၊ ဆရာတွေ အရေးပေးခံရသူဖြစ်ချင်တာပါချင်ပါမယ်၊ အိမ်အပြန် ဟင်းကောင်းကောင်း စားချင်တာပါချင်ပါမယ်။ မုန့်ဖိုးများများရချင်တာပါချင်ပါမယ်။
လူတော့လူပါပဲ။ လူနှစ်ဦး တစ်လမ်းထဲအတူလျှောက်ပေမယ့် အရွယ်မတူ၊ အတွေးမတူ၊ ဆန္ဒမတူ။
ဒါပေမယ့်လဲ ဖြစ်ချင်တဲ့အတွေး တကယ် ဖြစ်ဖို့အရေး မျှော်လင့်ချက် ကလေးတော့ တူတန်ကောင်းပါရဲ့....
No comments:
Post a Comment