ဘယ်အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ် ၀န်ထမ်းဆိုတာရှိပါတယ်။ ၀န်ထမ်းတွေနဲ့ ဖွဲ့စည်းထားရတယ်။ အဲဒီဝန်ထမ်းတွေကိုတစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် (Resource) လို့ခေါ်တဲ့ ကုမ္ပဏီရဲ့ အရင်းအမြစ်တွေပေါ့ဗျာ။ သူတို့ကိုသုံးပြီးတော့ ကုမ္ပဏီအဖွဲ့အစည်းကြီးရဲ့ လုပ်ငန်းတွေကို အကျိုးအမြတ် များများရအောင် လုပ်ဆောင်ကြမယ်ပေါ့။ ဒီနေရာမှာ အရေးကြီးတာက အဲဒီကုမ္ပဏီကို တိုးတက်အောင် အလုပ်လုပ်ဆောင်ပေးမယ့် ၀န်ထမ်းတွေကို Motivate ဖြစ်အောင်ထားရပါမယ်၊ ရိုးရိုးပြောရရင် ပျော်အောင်ထားရပါမယ်။ အဲဒါမှ သူတို့တွေ အလုပ်လုပ်တဲ့အခါမှာ ကောင်းကောင်းနဲ့ စနစ်တကျလုပ်မယ်။ အဲဒါမှာ အောင်မြင်တဲ့ အဖြေတွေ ရရှိလာမှာဖြစ်တယ် မဟုတ်လားဗျာ။ သူတို့ကို Motivate ဖြစ်အောင် လုပ်ရမယ်ပေါ့။ သူတို့ကို ဘယ်လို Motivate လုပ်မှာလဲ?
Motivate လုပ်ရာမှာ အဖွဲ့အစည်း၊ ကုမ္ပဏီအလိုက် ကွာခြားမှုတွေ ရှိပါတယ်။ အချို့ကုမ္ပဏီတွေက တစ်နှစ်တစ်ခါ ၀န်ထမ်းတွေရဲ့ လစာကို တိုးပေးတယ်။ Review (ပြန်လည်စိစစ်) လုပ်တာပေါ့ဗျာ။ တိုးသင့်ရင် တိုးရမယ်။ ပြီးတော့ သူတို့လုပ်ရတဲ့ လုပ်ငန်းတွေအပေါ်မှာ ကျွမ်းကျင်မှုတွေ ရှိလာအောင် သင်တန်းကျောင်းတွေ လွတ်သင့်ရင် လွတ်ရမယ်။ Bonus လို့ခေါ်တဲ့ အပိုဆုတွေ တော်ရင်တော်တဲ့ ၀န်ထမ်းကို တော်သလို ဆုချီးမြင့်ရမယ်။ ညစာစားပွဲ၊ ၀န်ထမ်းစုံညီပွဲ အစရှိတဲ့ Activities တွေ၊ Team building တွေကို တစ်နှစ်တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လုပ်ပြီး ကံစမ်းမဲ ဖောက်ပေးတာ အစရှိသည်ဖြင့်ပေါ့။ ပြီးတော့ ၀န်ထမ်းရဲ့ ကျန်းမာရေးအတွက် တာဝန်ယူပေး တာတွေ။ ဒါတွေက ကျွန်တော် မှတ်မိသလောက် ဥပမာ အနည်းငယ်ကို တင်ပြခြင်းဖြစ်ပါတယ်။ အခြား ၀န်ထမ်းတွေကို Motivate ဖြစ်အောင် လုပ်တဲ့နည်းတွေ အများကြီး ကျန်ပါသေးတယ်။ ဥပမာ- အဆင့်မြင့် အင်ဂျင်နီယာဝန်ထမ်းဆိုရင် ကားပေးထားတယ်၊ ဖုန်းပေးထားတယ် အစရှိသည်ဖြင့်ပေါ့ဗျာ။ ဒါတွေကို ၀န်ထမ်းတွေရဲ့ Benefit (အကျိုးမြတ်) လို့ခေါ်တာပေါ့ဗျာ။ အကျိုးအမြတ်ရရှိမှ မည်သူမဆို ပျော်ရွှင်စွာ အလုပ်လုပ်ကြမယ် မဟုတ်လားဗျ .. ။
အောင်မြင်တဲ့ အဖွဲ့အစည်းတွေမှာ လုပ်ပိုင်ခွင့် (Authority) တွေကို ခွဲဝေပေးလေ့ရှိတယ်။ လုပ်ပိုင်ခွင့်ပေးတယ်ဆိုတာ လိုအပ်တဲ့အခါမှာ ဆုံးဖြတ်ချက် (Decision) တွေချပိုင်ခွင့် ပေးတာကို ဆိုလိုတာပါ။ အဲဒါမှ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပိုမိုမြန်ဆန်ပြီးတော့ ၀န်ထမ်း ဖက်ကလည်း မိမိကိုယ်ကိုယ် ယုံကြည်ချက် အပြည့်အ၀နဲ့ အဖွဲ့အစည်းရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မှာဖြစ်တယ်။

No comments:
Post a Comment