ငါးများများစားသုံးခြင်းဖြင့် ထောင်နှင့်ချီသော နှလုံးဝေဒနာရှင်များ၏ အသက်ကို နှစ်စဉ်ကယ်တင်ပေးနိုင်ကြောင်း ဗြိတိသျှတက္ကသိုလ် မှ ကြီးမှူးပြုလုပ်သော သုတေသနတစ်ရပ်က လေ့လာတွေ့ရှိခဲ့သည်။
Omega-3 ငါးကြီးဆီ စားသုံးခြင်းသည် နှလုံးရောဂါကာကွယ်ရေးအတွက် ယခင်က ယူဆထားသည်ထက် ပို၍ အကျိုးသက်ရောက်မှုရှိကြောင်း ရိဒ်ဒင်းတက္ကသိုလ်မှ လေ့လာချက်၏ အဆိုကို ဒေးလီးပရက်စ်သတင်းစာက ကိုးကားဖော်ပြသည်။
ငါးသေတ္တာငါးများနှင့် ဆာမွန် (သို့) မက်ကရယ်ငါးကဲ့သို့သော ငါးသားအစိတ်အပိုင်းများကို အပတ်စဉ်တိုင်း နှစ်ကြိမ် (သို့) သုံးကြိမ်ခန့် စားသုံးခြင်း(သို့မဟုတ်) ငါးကြငီးဆီဖြည့်စွက်ထားသည့် အစားအစာများ စားသုံးခြင်းသည် နှလုံးရောဂါ ကာကွယ်ရေးအတွက် အကျိုးသက်ရောက်ဖွယ်ရှိကြောင်းဖြင့် ယင်းလေ့လာချက်တွင် ဖော်ပြထားသည်။
ငါးကြီးဆီမှီဝဲစားသုံးခြင်းသည် သွေးထဲရှိ အဆီအနှစ်များအား သိသိသာသာ လျှော့ချပေးခြင်းအားဖြင့် နှလုံးရောဂါကြောင့် သေဆုံးမှုအန္တရာယ်ကိုပါ သိသာစွာ လျှော့ကျစေသကဲ့သို့ သွေးထဲရှိ အဆီအနှစ်များ ဖြစ်ပေါ်မှုအလားအလာကိုလည်း လျှော့ကျစေနိုင်ကြောင်း ကနဦးလေ့လာချက်များတွင် ဖော်ပြထားသည်။
ငါးကြီးဆီသည် သွေးလွှတ်ကြောများဆန့်ခြင်း၊ ကျုံခြင်းသတ္တိကို ထိန်းချုပ်ပေးသည့် ကြွက်သားကလာပ်စည်းများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိကြောင်း နောက်ဆုံးအကြိမ် ပြုလုပ်သောသုတေသနလုပ်ငန်းက လေ့လာတွေ့ရှိခဲ့သည်။ သို့ဖြစ်ရာ နှလုံးဝေဒနာခံစားနေရသူများသည် ငါးများများစားသုံး (သို့) ငါးကြီးဆီဆေးတောင့်များ မှီဝဲသောက်သုံးကြောင်းဖြင့် သုတေသီများက အကြံပြုခဲ့သည်။
ငါးကြီးဆီသည် နှလုံးကျန်းမာရေးအတွက် မှီဝဲသောက်သုံးရသည့် အမိုင်နိုအက်စစ်၏ အကျိုးသက်ရောက်မှုနှင့် လိုက်ဖက်ညီသောကြောင့် အမျိုးသမီးများအတွက် အလွန်ပင်ထိရောက်ကြောင်း၊ နှလုံးကျန်းမာရေးနှင့်ပတ်သက်၍ ငါးကြီးဆီသည် အထူးသဖြင့် အမျိုးသမီးများအတွက် အကျိုးသက်ရောက်မှုရှိသလို အမျိုးသားများအတွက် လည်း အကျိုးသက်ရောက်မှုရှိကြောင်း၊ ငါးကြီးဆီကြွယ်ဝသောအစားအစာများ စားသုံးခြင်းသည် သွေးခုန်နှုန်းကျခြင်းကို အဓိက ဖြစ်စေသည့် သွေးလွှတ်ကြောများဆန့်ကျုံခြင်းသတ္တိကို မြင့်တက်စေနိုင်ကြောင်းဖြင့် သုတေသနခေါင်းဆောင် ခရစ္စတင်းဝီလျံ၏ အဆိုကို ဗြိတိသျှနေ့စဉ်သတင်းစာက ကိုးကားဖော်ပြသည်။

No comments:
Post a Comment