အိုင်တီခေတ်ကြီးထဲမှာ
လူတိုင်းလူတိုင်း USB base Data Storage အနည်းဆုံး တစ်ခုဆီတော့ ပိုင်ဆိုင်
ကြပါတယ်။ တချို့လူတွေမှာဆိုရင် တစ်ယောက်ထဲကို လေးငါးခုနဲ့အထက် ရှိနေကြပါတယ်။
Memory Stick, MP3, MP4, Pen Drive, Digital Camera, Digital Recorder, Smart
Phone စသဖြင့် မရေတွက်နိုင်တဲ့ Digital Data Storage တွေကလဲ
အများကြီးပေါ်နေတဲ့အပြင် အသစ်အဆန်း ကြိုက်နှစ်သက်တတ်သူတွေအနေနဲ့လဲ Model အသစ်လေး
ပေါ်လိုက် ထပ်ဝယ်လိုက်နဲ့ တော်တော်လေးစုမိတာကိုးဗျ။ ကျွန်တော်ပြောချင်တာက အဲဒီ
Storage တွေကို Computer မှာ တပ်လိုက်ရင် Phone တို့ MP3 တို့က
နာမည်လေးတွေနဲ့ပေါ်လာလို့ သိသာပေမယ့် နာမည်တူ နေတဲ့ Stick တွေ Flash Drive
တွေဆိုရင်တော့ Data တွေ မှားထည့်မိတာတွေ မလိုအပ်တဲ့ Stick ကို အသုံးပြုမိတာတွေ
ဖြစ်တတ်ပါတယ်။ နာမည်ပြောင်းဖို့ကတော့ ဖိုင်တွေမှာ နာမည် ပြောင်းသလို Drive ကို
Select လုပ်ပြီး F2 နှိပ်ပြီး ပြောင်းရင် ရပါတယ်။ ကျွန်တော်အဓိက ပြောချင်တာကတော့
နာမည်ပြောင်းတာထက် Stick တစ်ခုကို Icon တစ်ခုဆီ ပြောင်းဖို့ကို ပြောပြသွားမှာပါ။
အဲဒီ Icon လေးတွေ ပြောင်းနိုင်ဖို့ ကျွန်တော် Autorun.inf ဆိုတဲ့
ဖိုင်လေးတခုအကြောင်း ရှင်းပြပါ့မယ်။
MP3, MP4, USB, Memory Stick, CD စတာတွေကို AutoRun အပါအ၀င်
Icon လေးတွေ Background လေးတွေ Customize လုပ်လို့ရတဲ့ နည်းလေး တွေပါ။ ခက်တာက
AutoRun ဆိုရင် Virus လဲ ခိုကပ်နေနိုင် ဒါမှ မဟုတ် Virus ရဲ့ AutoRun
ဖြစ်နေနိုင်ပါတယ်။ Virus အလုပ်လုပ်ပုံ အခြေခံတွေအထိ ရေးပြထားပါတယ်။
AutoRun ထည့်ထားတဲ့ USB သို့ CD ကနေ ဘာတွေ လုပ်လို့ရသလဲဆိုရင်
-
Icon လေးတွေရွေးပြီး ကြိုက်တဲ့ Icon ကို Drive မှာ
ထည့်လို့ရပါတယ်။
AutoRun ကနေ Animation လေးတွေ Desktop မှာ ပေါ်လာပြီး
သီချင်းလေးနဲ့ Animation ကြည့်လို့ ရအောင် လုပ်ပြီး သူငယ်ချင်းတွေကို လက်ဆောင်ပေးလို့
ရပါတယ်။
Installer CD တွေမှာလို Double click ရုံနဲ့ Install
တက်လာအောင် Right Click နဲ့ Configuration တွေ ရွေးလို့ရအောင် လုပ်လို့ရပါတယ်။
(User Configuration တောင်းပါတယ်။ Step By Step နဲ့ တစ်ဆင့်ချင်း မေးသွား
ဦးမှာပါ။)
System ဖိုင်တွေ Windows ထဲကဖိုင်တွေ Registry တွေကို
ထပ်ထည့်တာ ဖျက်ပစ်တာ ပြုပြင်ပြောင်းလဲတာ တွေ လုပ်နိုင်ပါတယ်။ (User ကို
မေးမှာမဟုတ်တော့ပါ ဘူး။ Background ကနေ Run သွားပါလိမ့်မယ်။)
တစ်ခုခြင်းခွဲခြမ်း ကြည့်မယ်ဆို ဒီလို (၃) မျိုး သတ်မှတ်လို့
ရပါတယ်။
၁။ Icon ချိန်းလို့ ရပါတယ်။
၂။ Installer, Setup ဒါမှမဟုတ် Executive ဖိုင် တစ်ခုခုကို
လှမ်းခေါ်ပြီး Run ခိုင်းလို့ ရပါတယ်။
၃။ System တွေ Registry ဖိုင်တွေ User ရဲ့ ဖိုင်တွေ ကို
Control လုပ်သွားနိုင်ပါတယ်။ (Installer/Virus)
အဲဒီ အမှတ်စဉ် (သုံး) မှာ Startup, Scheduled တွေထည့်တာ၊ Task
Manager တွေ Folder Options တွေ ဖျောက်ထားတာတွေ၊ Happy Birthday Birth day Virus
လို NTLDR ဖိုင်လို အရေးကြီးတဲ့ ဖိုင်ကို ဖျက်တာတွေ။ One Miss Call လို
Application Software တွေကို ဖျက်တာ တွေ အကုန်ပါပါတယ်။
စက်ကို ချက်ချင်း Restart ကျပြီး Windows ပြန်တက်မလာတော့အောင်
ဒါမှမဟုတ် Windows ပြန် တက်လာပြီး Login ၀င်လို့ မရအောင်လုပ်မယ်ဆိုတောင်
စာတစ်ကြောင်း နှစ်ကြောင်းပဲ ရေးရပါတယ်။
Icon စထည့် ကြည့်ရအောင်။
AutoRun ရေးဖို့အတွက် ဈေးကြီးပေးရတဲ့ IDE တစ်ခု လိုပါတယ်။
ဈေးကြီးပေးရတယ်ဆိုလို့ စိတ်မညစ်ပါ နဲ့။ Windows တိုင်းမှာပါတဲ့ Notepad လို့ခေါ်တဲ့
Software လေးကို ပြောတာပါ။
Start >> All Programs >> Accessories >>
Notepad လို့ခေါ်ပါ။
(Start >> Run (Win Key+R) >> Notepad
ဆိုပြီး ရိုက်ထည့်ရင် ပိုမြန်ပါတယ်။)
Notepad ထဲမှာ စပြီးရေးလိုက်ပါ။
[autorun]
Icon=myicon.ico
ပြီးရင် Save As နဲ့
File Name မှာ autorun.inf
Save AsType မှာ All
Encoding မှာ ANSI လို့ ရွေးပြီး သိမ်းလိုက်ပါ။ နေရာတော့
မှတ်ထားဦးနော်။
ပြီးရင် myicon.ico ရယ် autorun.inf ရယ်နှစ်ဖိုင်ကို Mp3/4,
USB, Memory Stick, CD တွေရဲ့ Root မှာ ထည့်ပါ။ ၀င်ဝင်ချင်းတွေ့ရတဲ့နေရာနော်။
Folder တွေထဲ ထည့်မိမှာစိုးလို့။
ပြီးရင် CD ဆို Burn လိုက်ပါ။ Memory Stick တို့ USB တို့ဆို
Eject လုပ်ပြီး ဖြုတ်လိုက်ပါ။Task Bar က USB Icon လေးကို Click ပြီးမှ Safely
Remove USB လုပ်ရတာ ကြာရင် လွယ်ကူတဲ့ USB Eject Software သေးသေးလေး သုံးကြည့်ပါ။
One Click ပါပဲ။ ပြီးမှ ပြန်တပ်ကြည့်ပါ။ ဘယ်လိုလေး ပေါ်လာပါသလဲ။
နောက်တစ်ဆင့် ထပ်တက်ရအောင်။ ဖွင့်ဖွင့်ချင်း Installer
ဒါမှမဟုတ် Flash EXE လေးနဲ့ Presentation ပုံလေးလုပ် ကြည့်ကြရအောင်။
[autorun]
Icon=love.exe
Open=love.exe
အပေါ်ကအဆင့်တွေ အတိုင်းပါပဲ။ ဒီတစ်ခါ autorun.inf နဲ့ Flash
နဲ့လုပ်ထားတဲ့ Presentation EXE တစ်ခုခုကို Love လို့ နာမည်ပေးပြီး love.exe
လေးထည့်ပြီး ပြန်ကြည့်ပါဦး။
လှတော့လှတယ်ဗျ။ သူက My Computer ကနေ Right Click ပြီး Explorer
ဆိုပြီး ခေါ်ကြည့်ရင် ၀င်သွားရော Autorun မတက်လာတော့ဘူး။
My Computer ကနေ Right Click နဲ့ Explorer လို့ခေါ်လဲ Autorun
တက်လာစေချင်တာဗျာ။ ဘယ်လို လုပ်ရပါ့။
ဒီ Code လေးကူးပြီး ထည့်ကြည့်ပါဦး။
[autorun]
Icon=love.exe
open=love.exe
shell\kokoye2007\command=love.exe
shell\Explore\command=love.exe
shell=Explore
Double Click ကော Right Click ကနေ Open နဲ့ Explorer တွေ
ပါရပါပြီဗျာ။ ခက်တာက ကျွန်တော် ပြချင်တာက နှစ်ခုသုံးခုဗျ။ လွယ်ပါတယ်။ လွယ်လွယ် လေး
USB နှစ်ခုမှာ တစ်ခုဆီခွဲသွင်း ဒီလိုလား။ မဟုတ် သေးပါဘူး အဆင်ပြေတာ တစ်ခုခုတော့
ကျန်ဦးမှာပါဗျာ။ ဒီလိုလေး ရေးပေးလိုက်။ ကိုယ့်နာမည်နဲ့က နောက်တစ်ခု ပေါ့။ I Love
You ကနောက်တစ်ခု။ စုစုပေါင်း သုံးခုပါဗျာ။ ရေးတော့ရေးပြီး autorun.inf
တစ်ခုထဲသွင်းရင်တော့ ဘာမှပေါ်မှာ မဟုတ်ဘူးနော်။ 1.exe နဲ့ 2.exe လေးပါ သွင်းပေးဦး။
Shell Command တွေရဲ့ အောက်က ပထမဆုံး Command ကို My Computer မှာ Right Click ရဲ့
အပေါ်ဆုံးမှာ ထားပြီး Bold နဲ့ ပြပါလိမ့်မယ်။ ဒီ Command အတိုင်းဆို Friend4
ဆိုတာကို Bold နဲ့ အပေါ်ဆုံးမှာ ထားပေးပါလိမ့်မယ်။
[autorun]
Icon=love.exe
open=love.exe
shellexecute=love.exe
shell\Open\command=love.exe
shell\friend4\command=1.exe
shell\Explore\command=2.exe
shell=friend4
shell=Explore
အဲဒီလောက်ဆို Autorun ရဲ့ Level 2 ပြီးပြီ ဆိုပါတော့။
Installer တွေ EXE တွေတော့ပြီးပြီ၊ Virus တွေ အလုပ်လုပ်ပုံကို လေ့လာကြည့်ရအောင်။
Virus တွေက Autorun ကနေ exe တွေခေါ် Run ခိုင်းပါတယ်။ Bat
တွေခေါ် Run ပါတယ်။ Script တွေခေါ် Run ပါတယ်။ ဒုတိယပိုင်းမှာ ပြောခဲ့သလိုပါပဲ
Double ပဲ Click Click ၊ Right Click ကနေပဲ Explorer တို့ Open တို့ပဲ ခေါ်ခေါ်
သူကတော့ သူ့ Virus ဖိုင်ကိုပဲ ခေါ် Run မှာပါပဲ။ သိသာတာကတော့ ပထမအဆင့်အတိုင်း
လုပ်ထားတဲ့ Icon လေးတွေ ကို Virus ၀င်ရင် မမြင်ရတော့ပါဘူး။ Virus က Icon
မထည့်ပေးထားပါဘူး။ အောက်က Virus.exe နေရာမှ svchost.exe လိုမျိုး Virus EXE
ဖိုင်တစ်ခုခုသော် လည်းကောင်း၊ KillVbs.dll.vbs လိုမျိုး Virus Script ဖိုင်သော်
လည်းကောင်း smss.bat လိုမျိုး Bat ဖိုင်သော်လည်း ကောင်း ဖြစ်နေနိုင်ပါတယ်။
[autorun]
open=virus.exe
shellexecute=virus.exe
shell\Open\command=virus.exe
shell\Explore\command=virus.exe
shell=Explore
အဲဒီနေရာမှာ ဖြစ်နေနိုင်တဲ့ EXE ဖိုင်တွေ KillVbs.dll.vbs
ဖိုင်နမူနာနဲ့ Bat ဖိုင်တွေ အလုပ်လုပ်ပုံ နမူနာ ကို နောက်မှပဲ ရှင်းပြပေးပါ့မယ်။
Autorun အတွက် Icon ထည့်ရုံလောက်ဆို ဒီလောက်နဲ့တင်
လုံလောက်နေပါပြီ။ Virus တွေရဲ့ Autorun ကို ဘယ်လိုသုံးလဲ သူတို့ကိုယ်တိုင် ဘယ်လို
အလုပ်လုပ်လဲဆိုတာတွေ နောက်တစ်ခေါက် ထပ်ရေး ပါ့မယ်။
အဲဒီ Auto Run တွေ အလုပ်မလုပ်စေချင်ရင်ကော ဘယ်လိုလုပ်ရပါ့။
Registry ထဲတော့ ၀င်ပြင်လို့ ရပါတယ်။
XP & 2003
1. Start, Menu မှတဆင့် Run.သို့သွားပါ။ Win+R
2. box ထဲတွင် regedit, ဟုရိုက်ပြီးOK. နှိပ်ပါ။
3. အောက်ပါအဆင့်အတိုင်း တဆင့်ခြင်းရှာပါ။
HKEY_ LOCAL_ MACHINE\ SOFTWARE\ Microsoft\ Windows\
CurrentVersion\ policies\ Explorer\
4. Right-click နှိပ်၍ New, မှDWORD Value. ရွေးပါ။
5. HonorAutorunSetting ဟု ရိုက်ပြီး Enter ခေါက်ပါ။
6. Value data box တွင် 1 ကိုထားပြီး Hexadecimal
ရွေးထားပေးပါ။
7. Registry Editor ကိုပိတ်ပစ်ပါ။
8. Computer ကို Restart ချပါ။ (သို့မဟုတ်)
Taskmanager(Ctrl+Alt+Del) မှ Explorer ကိုပိတ်ပစ်ပြီး New Task မှ explorer.exe
ကိုပြန်ခေါ်ပါ။
9. Auto Run တက်မတက် ပြန်စမ်းပါ။
တစ်ခါတလေပဲ မတက်စေချင်တာဆိုရင်တော့ Shift Key လေးဖိထားပြီးမှ
Stick တွေ CD တွေကို Computer နဲ့ ဆက်သွယ်ပါ။ ပြီးတော့မှ Shift Key လေး လွှတ်ပါ။
(ဒါပေမယ့် My Computer ထဲက Icon ကို Click ပြီးခေါ်ရင် Autorun တက်ဦးမှာပါပဲ။
Virus တွေရဲ့ Autorun စာမမိချင်ရင် Address bar ကနေ Drive Letter ရိုက် ထည့်ပြီး
သွားပါ။ Autorun ကို အသုံးပြုပြီး Virus မပွား နိုင်တော့ပါဘူး။)
Autorun
Killer
USB တွေ CD တွေကို အခွေထည့်တာနဲ့ ဖျက်ပေး Alert ပေးနိုင်တဲ့
EXE လေးပါ။ အခမဲ့ပေးထားပါတယ်။ ဒါပေမယ့် သူက ခင်ဗျားတို့ရေးထားတဲ့ Autorun.inf နဲ့
ညွှန်းထားတဲ့ EXE တွေ BAT တွေ COM ဖိုင်တွေ ဘာမှ ချန်ထားမှာ မဟုတ်ဘူးနော်။
အကုန်ဖျက်ပစ်မှာဗျ။
Autorun Killer
http://cpe17.com/yabb/Attachment/cpe17antiautorun1330.exe
Usb Disk Ejector http://quick.mixnmojo.com/usb-disk-ejector
Flash Drive တွေ Harddisk တွေ Memory Stick တွေမှာ Autorun.inf
ကို အသုံးပြုတဲ့ virus တွေလဲ ရှိပါတယ်။ အဲဒါတွေကနေ ကာကွယ်ဖို့ကတော့ လွယ်
လွယ်နဲ့မရေးနိုင် လွယ်လွယ်မဖျက်နိုင်တဲ့ Read Only File အနေနဲ့ autorun.inf
တစ်ခုကို Stick ထဲမှာရေးထားရင် အပြင်က Virus တွေ လာပြီး Autorun.inf ဖိုင်ရေးလို့
ပျက်စီးရတာကို ကာကွယ်နိုင်မှာပါ။ အဲဒီအတွက်
ပထမဆုံး Run box ကိုဖွင့်ပါ။ ပြီးရင် cmd ကိုခေါ်ပါ။
MyComputer ကိုဖွင့်ပြီး စာဖတ်သူရဲ့ Stick ရဲ့ Device Letter
ကိုမှတ်ထားပါ။
ပြီးရင် ဒီစာကြောင်းလေးတွေ ရိုက်ထည့်ပေးပါဦး
md \\.\I:\autorun.inf\con\
ကျွန်တော့် Memory Stick က I ဖြစ်နေလို့ I: လို့ ထည့်ထားတာပါ။
စာဖတ်သူရဲ့ Device Letter က E ဆိုရင် တော့ E ပေါ့ဗျာ။ ပြီးရင် Memory Stick ထဲက
autorun.inf ဖိုင်ကို Delete လုပ်ကြည့်ပါ။ ရမလားလို့။ တကယ်လို့
ပြန်ဖျက်ချင်တယ်ဆိုရင်တော့ အပေါ်မှာလိုပဲ command prompt CMD ထဲမှာပဲ ရိုက်မှာပါ။
ခက်တော့ မခက်ပါဘူး။ ရိုက်ပြရမယ်ဆိုရင်တော့ ဒီလိုပေါ့ဗျာ။
rd /S /Q \\.\I:\autorun.inf\
Rm ကတော့ Remove Directory ကိုပြောတာဗျ။ /S ကတော့ Sub all
Directory ဗျ။ သူ့ Folder အောက်က ဖိုင်တွေ Folder တွေပါဖျက်လို့ပြောတာပါ။ /Q ကတော့
Quiet Mode ပေါ့။ တစ်ကယ်ဖျက်မှာလားတွေ Yes တွေ No တွေ မမေးနဲ့လို့ပြောတာဗျ။
ကဲ ဒီလောက်ဆို စာဖတ်သူရဲ့ Memory Stick ကို
လှလှပပလေးထားဖို့ကော virus ရန်က ကာကွယ်နိုင် အောင်ကော ကိုယ်တိုင် တတ်နိုင်သလောက်
လွယ်ကူစွာ ပြုလုပ်နိုင်ပါပြီ။
Knowledge Bridge မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment